Main menu

Background

အင်ကြင်းကျောက် အလှဆင် ထုတ်ပြီ

Mon, 02/25/2013 - 06:30 -- ydnar

နွားထိုးကြီးမြို့ နယ်ဒေသထွက် အင်ကြင်းကျောက်များ ကိုအကြမ်းတုံး အရိုင်းဈေးကွက်ရှာသည်ထက် အချောကိုင် အလှဆင်ကျောက် ထုတ်လုပ်မှုကို ပိုမိုလုပ်ကိုင်လာပြီး အချော ထည် အလှဆင်လူသုံးကုန်ပစ္စည်း များ ဈေးကွက်ရှာ လျက်ရှိ ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၃) သတ္တုတွင်းလုပ်ငန်း မှလည်း အင်ကြင်းကျောက် ပြည်ပဈေးကွက်ပို့ပါက အကြမ်း အရိုင်းတုံးပေးပို့ခြင်းကို  ခွင့်မပြုဘဲ အချောကိုင် အလှဆင် ကျောက်များသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။အကြမ်းအရိုင်းတုံးများကိုတင်ပို့ပါကအင်ကြင်းကျောက် ရှားပါးလာနိုင်ကြောင်း၊ အချောထည်လုပ်၍ ဈေးကွက်ရှာပါ က ပိုမိုအကျိုးဖြစ်ထွန်းလာနိုင်ကြောင်း ဒေသတွင်း အလုပ် အကိုင်များလည်း ပေါများလာနိုင်ကြောင်း သိရ သည်။ယခုကဲ့သို့ အချောထည်ပစ္စည်းများကို  ဈေးကွက်သို့ တင်ပို့ခဲ့သဖြင့် တစ်လဝင်ငွေ တစ်သိန်းထိရသူပင် ရှိလာ ကြောင်း သိရသည်။ တရုတ်ပြည်တွင် အလှဆင်ပညာသင်ယူ ခဲ့ကြပြီး၊ နွားထိုးကြီးတွင် အချောထည်များ လုပ်ကိုင်လာကြ ကြောင်း သိရသည်။အင်ကြင်းကျောက်ကုမ္ပဏီများ အပြိုင်အဆိုင် ဖွဲ့စည်း လျက်ရှိရာ နွားထိုးကြီးတွင် ယခုထိ အင်ကြင်းကျောက် လုပ် ငန်းများမှာ တောရောမြို့ပြပါ ၁၉ ခုအထိ ရှိလာကြောင်း သိရသည်။                             ဌေးမြင့်မောင်။