Main menu

Background

တရုတ်-မြန်မာ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ နစ်နာဆုံးရှုံးသူများအားစာရင်းများကောက်ယူ လျက်ရှိ

Mon, 02/25/2013 - 06:31 -- ydnar

တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ နွားထိုးကြီးမြို့နယ်အတွင်း အဆိုပါပိုက်လိုင်း ကြောင့် နစ်နာဆုံးရှုံးမှုများကို ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။နွားထိုးကြီး တောင်သာနယ်စပ်ရှိ နွားထိုးကြီးမြို့နယ်မှ နဘဲသာရွာ၊ အင်ချောင်းရွာ၊ မိုးတိမ်ပြင်ရွာ စသည့်ကျေး ရွာများမှ ပိုက်လိုင်းဖြတ်သန်းခံရသော တောင်သူများ၏ လယ်ယာမြေဆုံးရှုံးမှု အခြေအနေကို နွားထိုးကြီးစိမ်းရောင် စိုအဖွဲ့က တွေ့ဆုံ၍ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် တရုတ် မြန်မာ ရေနံပိုက်လိုင်းဖြတ်သန်းမှုမှာ ၂၅ မိုင်ရှည်ပြီး ကျေးရွာ ခုနစ်ရွာမှ လယ်ယာမြေများဆုံးရှုံးခဲ့သဖြင့် အဆိုပါ စီမံကိန်းမှနစ်နာကြေးအဖြစ် လယ်ယာမြေဆုံးရှုံးခံရသည့် တောင်သူများအား ကျပ်သိန်း ၄၀၀၀ ကျော် လျော်ကြေးများ ထုတ်ပေးထားကြောင်း သိရသည်။ယခုအခါ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့မှ တစ်ရွာလျှင် တစ်ယောက်ကျဖြင့် စည်းရုံးထားပြီး စီမံကိန်းလှုပ်ရှား မှုများကို စောင့်ကြည့်မည်ဟု စိမ်းရောင်စိုမှ ဦးထွန်းဆန်းက ပြောသည်။                       ဌေးမြင့်မောင်။