Main menu

Background

အိန္ဒိယကုန်စည်ပြပွဲ မန္တလေးတွင်ပြသမည်

Mon, 02/25/2013 - 06:32 -- ydnar

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားကဇာတ်ရုံ ကွင်းပြင်မှာ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်ထိ Thematic Handicraft Exhibition    ကုန်စည်ပြပွဲ ကျင်းပ သွားရန်ရှိပါတယ်။ ထိုကုန်စည်ပြပွဲမှာ ပါဝင်ပြသရန် အိန္ဒိယသမ္မတနိုင်ငံ၊ မဏိပူရပြည်နယ်မှ လက်မှုပညာ ရှင် ၂၁ ဦးပါအဖွဲ့ဟာ အမေရိကန် ၉၃၆၈ ဒေါ်လာ တန်ဖိုးရှိ အိန္ဒိယနိုင်ငံလုပ် လက်ရက်ထည်နဲ့ လက်မှုပစ္စည်းများသယ်ဆောင်ကာ ဖေဖော်ဝါရီ ၁၇ ရက်မှာ တမူးကတစ်ဆင့် မန္တလေးသို့ ဆက်လက် ထွက်ခွာသွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ပြပွဲတွင်ပြသရန်အတွက် အိန္ဒိယနိုင်ငံလုပ် ဆာရီ၊ ပုဆိုး၊ ထမီ၊ တစ်ဘက်၊ ပဝါ စသည့် အဝတ်အထည်များနဲ့ ကြိမ်၊ ဝါးတို့ဖြင့်ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းများအား သယ်ဆောင်သွားပြီး ၎င်း ပစ္စည်းများအား ပါဝင်ခင်း ကျင်းပြသ ရောင်းချ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။          လှဌေး (တမူး)