ပဲမျိုးစုံထွက်ရှိတဲ့ ရာသီချိန်ဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသထွက် ပဲမျိုးစုံအား တစ်ဖက်အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ရေးအတွက် သမဝါယမအသင်းစုမှ ကြိုးစား လျက်ရှိနေပါတယ်။ ကုလားပဲလုံးဝါများအား ဝယ် ယူစုဆောင်းထားပြီး ဒေသထွက် ပဲပုပ်စေ့၊ မတ်ပဲ၊ ချင်းပဲ (ပဲယင်း)၊ မြေထောက်ပဲ စတဲ့ပဲမျိုးစုံ တို့အား လည်း တင်ပို့နိုင်ရေးအတွက် ကြိုးစားလျက်ရှိတယ် လို့ သတင်းရရှိပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်ယူမဲ့ ကုမ္ပဏီများအား ချိတ်ဆက်ဆောင်ရွက်ပြီးပါက ဒေသထွက်ပဲမျိုးစုံအား တင်ပို့သွားနိုင်မည်ဖြစ်ရာ တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုပမာဏ တိုးတက်လာဖွယ်ရှိကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။ လှဌေး (တမူး)
Background