ဖေဖော်ဝါရီ ၁၈ ရက်က ပုသိမ်မြို့ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ TPIS ရုံးခန်းမှာ တိုင်းဒေသကြီးအသင်း၊ ဆား ထုတ်လုပ် သူလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနဲ့သတ္တုဝန်ကြီး ဦးစိုးမြင့်၊ မြန်မာ့ ဆားလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးထွန်း သိန်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေး တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်၊ TPIS ဌာန မန်နေဂျာနဲ့ဝန်ထမ်းများ၊ ဧရာအဏ္ဏဝါ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာနဲ့ ဒါရိုက်တာများ၊ ပုသိမ်၊ မြောင်းမြ၊ ငပုတော၊ လပွတ္တာမြို့နယ်များမှ ဆားစက်ပိုင်ရှင်၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဆား ထုတ်လုပ်သူတောင်သူများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုးမြင့်က ဧရာဝတီတိုင်းဒေသကြီး ဆားလုပ်ငန်း နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်များအတွင်းက အား သာချက်၊ အားနည်းချက်များ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမယ့် ကိစ္စရပ်များ၊ ပြည်ပနိုင်ငံများမှ အစိုးရအဖွဲ့၊ NGO၊ လုပ်ငန်းရှင်များပူးပေါင်းပြီး အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပါတယ်။ လက်ရှိ အချိန်မှာ စီးပွားရေးလုပ်ငန်းများကို တစ်ဦးတစ် ယောက်တည်း လုပ်ကိုင်တာထက် အဖွဲ့အစည်း များ စနစ်တကျဖွဲ့စည်းပြီးညီညီညွတ်ညွတ် ဆောင် ရွက်သွားဖို့ တိုင်းဒေသကြီး၊ ဆားထုတ်လုပ်သူများ အသင်းကို ဆားကုမ္ပဏီ၊ ဆားကြိတ်စက်၊ ကုန် သည်လုပ်ငန်းရှင်နဲ့ ဆားထုတ်လုပ်တဲ့ တောင်သူ များ ပူးပေါင်းပါဝင်ပြီး ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ တိုင်းဒေသကြီး ဆား အသင်းရုံးကို ပုသိမ်မြို့မှာ ဖွင့်လှစ်ဆောင်ရွက် သွားဖို့ မြန်မာနိုင်ငံဆားလုပ်ငန်းရှင်နဲ့ ဆားထုတ် လုပ်တဲ့ တောင်သူများပူးပေါင်းပါဝင်ပြီး ခိုင်မာတဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ မြန်မာ နိုင်ငံ ဆားလုပ်ငန်းရှင်များအသင်း (ဗဟို)ကိုလည်း တိုင်းဒေသကြီး ဆားလုပ်ငန်းရှင်များအသင်းမှ အသင်းသားငါးဦးကို စာရင်းပေးသွင်းပြီး ဆား လုပ်ငန်းနဲ့ပတ်သက်ပြီး ရန်ကုန်၊ နေပြည်တော်တို့ မှာ အစည်းအဝေး အလုပ်ရုံဆွေးနွေးပွဲများ တက် ရောက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပါ တယ်။တက်ရောက်လာသူများက လည်း ဧရာဝတီ တိုင်းဒေသကြီး၊ ဆားလုပ်ငန်း လုပ်ငန်းရှင်များ အသင်းကို EC အလုပ်အမှုဆောင်၊ CEC ဗဟို အလုပ်အမှုဆောင် ၂၅ ဦး ရွေးချယ်ပြီး၊ ၎င်း တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ် စသည်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။မင်းမင်းဦး-ပုသိမ်