ကြက်စာဈေးမြင့်၍ ကြက်မွေးမြူသူများ တွက်ခြေမကိုက်

ကြက်စာဈေးမြင့်၍ ကြက်မွေးမြူသူ များ တွက်ခြေမကိုက်ခြင်းကြောင့် ကြက် မွေးမြူမှုမှာ ယခင်နှစ်ကထက် ၃ ပုံ ၁ ပုံလျော့ကျလာကြောင်း သိရပါတယ်။

ကဘိုင်ကျေးရွာမှ  ကြက်ခြံပိုင်ရှင် ဦးသန်းငွေက "ကြက်အကောင် ၅၀၀၀ ကျော်မွေးပါတယ်။ အစာဈေးက မြင့် အသားဈေးကကျဆိုတော့ ရှုံးလို့ မမွေး ရဲတော့ဘူး။ မွေးမြူတဲ့သူတွေလည်း လျော့သွားတယ်။ အစာဈေးက ပြောင်း ဈေးကျပေမယ့် ကုမ္ပဏီတစ်ခုတည်း ကပဲ ချုပ်ကိုင်ထားတော့  ဈေးမကျဘူး။ ကြက်အရှင်ဖမ်းဈေး တစ်ပိဿာကို ကျပ် ၃၀၀၀ မှ အမြတ်အစွန်းနည်း နည်းရှိတာ။ ကျပ် ၂၀၀၀ ဈေးပဲရနေ တော့ အရှုံးပေါ်ပြီပေါ့။ စီပီကုမ္ပဏီက ကြက်ပေါက်ဝယ်ပြီး မွေးရတဲ့အတွက် ကြက်ပေါက်လိုချင်ရင်  အစာဝယ်ရ တယ်။ ဝယ်ချင်တိုင်း ဝယ်လို့ မရဘူး။ မြန်မာနိုင်ငံမှာ စီပီတစ်ခုတည်းရှိတော့ စီပီကပဲဝယ်သုံးရတယ်"လို့ ပြောတယ်။ ကြက်စာဈေးနှုန်းမှာ ယခုလမှာ တစ် ပိဿာကို ကျပ် ၅၀နဲ့ ၁၀၀ ကြား ဈေး တက်ကြောင်း၊ ပြောင်း ၅၄ ပိဿာပါ တစ်အိတ်ကို ကျပ် ၂၁၅၀၀ ဈေးရှိပြီး၊ ဈေးကျလာကြောင်း၊ ပဲဖတ် ၉၅၀ နဲ့ ၁၀၅၀ ကြားမှ  ၈၅၀ နဲ့ ၉၀၀ ကြားကို ဈေးကျလာကြောင်း၊ ဆန်ကွဲပိဿာ ၃၀ ပါတစ်အိတ်ကို ၁၂၀၀၀ နဲ့ ၁၃၀၀၀ ကြား၊ ဖွဲနု တစ်ပိဿာကို ယခင် ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ကို ဈေးမြင့်လာ ကြောင်း သိရပါတယ်။ ကြက်ဥဈေးမှာ တစ်ပိဿာ ၂၀၀၀ ဝန်းကျင်နဲ့ ဈေးငြိမ် နေပြီး၊ ကြက်သားဈေးမှာ ကျပ် ၂၀၀၀ ကျော်မှ ယခုလမှာ ကျပ် ၃၆၀၀ ဈေး ထိရရှိလာကြောင်း သိရပါတယ်။ကြက်ဥ၊  ကြက်သားမွေးမြူထုတ် လုပ်ရောင်းချသူများအသင်း   ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က "ကျွန်တော် တို့ အများပိုင်ဖွဲ့ပြီး၊ အစာစပ်ထုတ်လုပ် ဖို့ နည်းပညာဖြန့်ဖို့ လုပ်နေပါတယ်။ ကြက်ပေါက်ကိုလည်း  ထိုင်းဘက်က သွင်းနေပါပြီ။  ဈေးကျဖို့ စုစည်းပြီး ဆောင်ရွက်သွားမှာပါ"လု့ိ ပြောပါတယ်။ဇူးဇူး-မန္တလေး