အညာ သိုး၊ ဆိတ်မွေးမြူရေး အောင်မြင်မှုရှိနေ
အညာရာသီဥတုနှင့်ကိုက်ညီရန် တစ်နှစ် နှစ်သား တစ်နိုင်တစ်ပိုင်မွေးသော သိုး၊ ဆိတ်မွေးမြူရေးမှာ အောင်မြင်လျက် ရှိနေကြာင်း သိရသည်။ အသား တစ်ပိသာ ကျပ်၆၀၀၀ အထက်ရှိသလို သိုး၊ ဆိတ် တစ်ကောင် ကျပ် ၂၅၀၀၀၊ ၃၀၀၀၀ အထက်ဈေးကောင်း၍ မွေးမြူရေးသမားတို့ သိုး၊ ဆိတ်မွေးမြူရေးဈေးကွက်တွင် အားထားနေရကြောင်း သိရသည်။
အညာဒေသရှိ ကျေးရွာများမှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်နေသည့်အပြင် မွေးမြူရေးစရိတ်မှာ လည်း တစ်ကောင် ကျပ် ၂၅၀၀၀ နှင့် ကျပ် ၅ သိန်းအထိ ထုတ်ချေးနေသဖြင့် အဆိုပါ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းမှာ သားရွှေအိုးထမ်းသလို ဖြစ်နေသည်။သိုးဆိတ်ကို ပြည်တွင်းဈေးကွက်တွင် အသားအဖြစ်စားသုံးမှုရှိပြီး၊ ပြည်ပဈေးကွက်တွင်လည်း အကောင်လိုက် တင်ပို့နေ ၍ ရွာအရောက် သိုး၊ ဆိတ်များ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ဌေးမြင့်မောင်
