အဝင်လှိုင်အဝယ်သွက်နေတဲ့ မုံရွာ ဆီးသီးခြောက်ဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီး သီး အများဆုံး စိုက်ပျိုးဖြစ်ထွန်းလျက် ရှိတဲ့ ဘုတလင်၊ ကနီမြို့နယ်တွေက ယခု နှစ် ဆီးသီးခြောက်တွေ မုံရွာပွဲရုံများမှာ ဖေဖော်ဝါရီလဆန်းပိုင်း  ကတည်းက စတင် ဝင်ရောက်ခဲ့ပြီး ယခုတစ်ပတ်မှာ အဝင်ပိုပြီး လှိုင်လာတယ်လို့ ဆီးပွဲရုံရပ် ကွက်က ဆိုပါတယ်။

မနှစ်က ဈေးကွက်ပိတ်ချိန်မှာ ဆီး သီးခြောက် တစ်ပိဿာ ၃၀၀ ကျပ်ရှိ ပြီး ပစ္စည်းပြတ်သလောက်ရှိခဲ့လို့ ယခု နှစ်မှာ ဆီးသီးစပေါ်တဲ့ ကာလကတည်း က တစ်ပိဿာ ၂၂၀ ကျပ်၊ ၂၂၅ ကျပ်ဈေးနဲ့ စတင်ဖွင့်နိုင်ခဲ့တာတွေ့ရ ပါတယ်။ ယခုအခါ မုံရွာပွဲရုံတွေထံ ဘုတလင် နဲ့ ကနီနယ်ဘက်က နေ့စဉ်  ပိဿာ ၁၀၀၀၀၀ ဝန်းကျင် ပုံမှန်ဝင်ရောက် နေတယ်လို့ဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် မန္တလေးဝယ် လက်ကများပြီး  ယိုသမားလုပ်ငန်းသုံး အတွက်ရန်ကုန်ဝယ်လက်လည်း အဝယ် ရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ရာသီဥတု ဖောက်ပြန် ခဲ့တဲ့အတွက် ယခုနှစ် ဆီးသီးအထွက် ဟာ ယခင်နှစ်ကထက် ၃ ပုံ ၁ ပုံခန့် လျော့သွားဖွယ်ရှိတယ်လို့  ဆီးသီးစိုက် တောင်သူတွေက ပြောပါတယ်။ ဒေသတွင်း ဆီးသီးခြောက်ကုန်သည် တချို့ကတော့ အထွက်လျော့လို့ တက် ဈေးမျှော်မှန်းချက်နဲ့ စတင်လှောင်ဖို့ ဝယ်နေကြတယ်လို့ ကြားသိရပါတယ်။ထွန်းလှိုင်-မုံရွာ