Main menu

Background

'ငွေကြေးစစ်ပွဲ'မဖြစ်နိုင်ကြောင်း လားဂတ်ပြော

Mon, 02/25/2013 - 06:39 -- ydnar

ငွေကြေးစစ်ပွဲဖြစ်မယ်ဆိုတဲ့ စိုးရိမ် မှုတွေမဖြစ်နိုင်ကြောင်း မော်စကိုမြို့မှာ ကျင်းပနေတဲ့ဖွံ့ဖြိုးပြီးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ (ဂျီ-၂၀) မှဘဏ္ဍာရေးဝန်ကြီးများနဲ့ ဘဏ်လုပ်ငန်းရှင်များအစည်းအဝေးရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင် အမ်အက်ဖ်) အကြီးအကဲခရစ္စတင်း လားဂတ်ကပြောပါတယ်။

"ငွေကြေးစစ်ပွဲအကြောင်းပြော ကြတာတွေကအများကြီးပါပဲ။ ငွေကြေး စစ်ပွဲဆိုတာမျိုးကို ကျွန်မတို့ တစ်ခုမှ မတွေ့ဘူး သေးပါဘူး။ ငွေကြေးစစ်ပွဲ အတွက်ပူပန်မှုတွေအကြောင်းကိုကျွန် မတို့ကြားရပါတယ်။ ဒါပေမဲ့ ငွေကြေး စစ်ပွဲတွေအကြောင်းမကြားရသေးပါ ဘူး။ ကျွန်မတို့ တွေ့ကြုံရတာတွေက ထိပ်တိုက်ရင်ဆိုင်မှုတွေမဟုတ်ပါဘူး။ စဉ်းစားဆင်ခြင်မှု၊ ညှိနှိုင်းမှု၊ ဆွေးနွေး မှုလိုကိစ္စမျိုးတွေသာဖြစ်ပါတယ်။ ယခု ဒီ ဂျီ-၂၀ အစည်းအဝေးကလည်းအ များကြီးအထောက်အကူပေးပြီးအကျိုး ဖြစ်ထွန်းမှုတွေရှိပါတယ်" လို့ လားဂတ် ကပြောပါတယ်။ လားဂတ်ရဲ့ ဝေဖန်ပြောကြားမှုက ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်တဲ့ ဂျီ- ၂၀ နိုင်ငံတွေမှာဆွေးနွေး ကြတဲ့ဝေဖန် ဆွေးနွေးမှုတွေကို ထင်ဟပ်ပြသလျက် ရှိပါတယ်။ ဒီဆွေးနွေးပွဲက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရွေးေ ကာက်ပွဲမှာ အရွေး ခံရပြီးနောက်ပိုင်း ယန်းငွေ တန်ဖိုးကိုချ ခဲ့တဲ့အတွက် အဝေဖန်ခံနေရမှုတွေကို သက်သာရာရစေ ခဲ့ပါတယ်။ သူတို့ငွေကြေးတွေကို အပြိုင်အ ဆိုင်တန်ဖိုးချတာမျိုးမပြုလုပ်ကြဖို့ သ ဘောတူခဲ့ကြပေ မဲ့ နိုင်ငံကြီးတွေမှာရှိ နေတဲ့ဘဏ္ဍာရေးမညီမျှမှုတွေအတွက် စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ ဒီစိုးရိမ် မှုတွေအတွက် ဂျပန်နဲ့အမေရိကန်နှစ် နိုင်ငံစလုံးကသီးခြားကာလလတ်ချေးငွေ တွေချမှတ်ကြဖို့ လားဂတ်ကနှိုးဆော်ခဲ့ ပါတယ်။