Main menu

Background

အတိုးနှုန်း ကျဆင်းနေတာတွေက ပြဿနာဖြစ်လာနိုင်ကြောင်း အီးစီဘီအကြီးအကဲပြော

Mon, 02/25/2013 - 06:40 -- ydnar

စံချိန်တင်လောက်အောင် ကျ ဆင်းပြီးဖြစ်တဲ့ ဗဟိုဘဏ်အတိုးနှုန်းကို  ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ထပ်မံ လျှော့ချတော့မှာမဟုတ်ကြောင်း ပြော ကြားရင်းကာလရှည်ကြာစွာ အတိုးနှုန်း တွေဆက်လက်လျှော့ချထားရင် အန္တရာယ် များကြောင်းအီးစီဘီအကြီးအကဲက ဖေ  ဖော်ဝါရီ ၁၈ ရက်ကပြောကြားပါ တယ်။ ငွေကြေးစစ်ပွဲဖြစ်နေတယ် ဆိုတာ "ချဲ့ ကားပြောတာသက်သက်" မျှသာဖြစ် ကြောင်းပြောကြား ရင်း နိုင်ငံခြားငွေဈေး ကွက်တွေမှာယူရိုရဲ့အဆင့်နဲ့ပတ်သက် ပြီး ဗဟိုဘဏ်ရဲ့အမြင်ကို ဘရပ်ဆဲရှိ ဥရောပပါလီမန် အဖွဲ့ဝင်များကို ပြော ကြားရာမှာမာရီယိုဒရပ်ဂီကပြောကြား ခဲ့ပါတယ်။

"ကာလရှည်ကြာစွာ ပေါ်လစီအ တိုးနှုန်းတွေကျဆင်းရာကနေဖြစ်ပေါ် လာတဲ့စိန်ခေါ်မှုတွေကို အီးစီဘီကသိရှိ ပါနားလည်ပါတယ်" လို့ စံချိန်တင်ကျ ဆင်းနေတဲ့ဘဏ်အတိုးနှုန်းကို သုည ဒသမ ၇၅ ရာခိုင်နှုန်းအတိုင်းဆက်ထား ဖို့ ဗဟိုဘဏ်ကဆုံးဖြတ်ပြီးတဲ့နောက် ရက်သတ္တပတ်တစ်ပတ်အကြာမှာ ဒရပ် ဂီကပြောပါတယ်။ အချိန်ကြာကြီးအတိုးနှုန်းတွေချ ထားရင်ငွေစုသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတို့ ရဲ့အတိုးကို ထိခိုက်စေနိုင်တဲ့အပြင် အိမ် ဈေးနှုန်းတွေပူဖောင်းလိုဖောင်းပွလာနိုင် ကြောင်းသူကပြောပါတယ်။ အတိုးနှုန်းတွေကျဆင်းနေတဲ့အ ခြေအနေမျိုးမှာ ဘဏ်တွေကလည်း ချေးငွေအတွက်စွန့်စားမှုအန္တရာယ်တွေ ကိုမှန်မှန်ကန်ကန်ကြီးကြပ်ဖို့ဆွဲဆောင် စေနိုင်တဲ့အပြင်ကြွေးထူပြီးအကျိုးအမြတ် မရှိတဲ့စီးပွားရေးလုပ်ငန်းတွေများ လာ နိုင်တယ်လို့ ဒရပ်ဂီက ပြောကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။