Main menu

Background

တောင်ကိုရီးယား အယ်လ်ဂျီ က OLED တီဗွီ မော်နီတာများကို တိုးချဲ့ ထုတ်လုပ်မည်

Mon, 02/25/2013 - 06:41 -- ydnar

အကြီးစား အော်ဂဲနစ် အလင်း ထုတ်လွှတ်မှုဒိုင်အုပ် (OLED)  တယ်လီ ဗီးရှင်းမော်နီတာများကို ထုတ်လုပ်မဲ့ စက်ရုံအတွက် ဝမ် ၇၀၆ ဒသမ ၃ ဘီ လီယံ(ဒေါ်လာ ၆၅၅ သန်း) ကိုရင်းနှီး မြှုပ်နှံမှာဖြစ်ကြောင်း အယ်လ်ဂျီကုမ္ပဏီ ကဖေဖော်ဝါရီ ၁၈ ရက်ကပြောပါ တယ်။ အသစ် တည်ဆောက်မဲ့ တပ် ဆင်ရေး စက်ရုံကို M2  လို့  အမည်ပေး ထားပြီး ဂီယောင်ဂျီးပြည်နယ် ပါဂျူးမှာ တည်ရှိပါတယ်။  လစဉ်  ထုတ်လုပ်မှု အင်အားက ယူနစ် ၂၆၀၀၀ ရှိပါတယ်။ လာမဲ့နှစ်အနည်းငယ်အတွင်းမှာ OLED ဈေးကွက်ကို လွှမ်းမိုးထားနိုင်ဖို့ အတွက်ဆောင်ရွက်နေတဲ့စီမံကိန်းတွေ ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် လာမဲ့ နှစ်ပထမနှစ်ဝက်မှာ အစုလိုက် အပြုံ လိုက်ပုံအောထုတ်လုပ် ဖို့ရည်ရွယ် ထား ကြောင်း LD Display ကပြောပါတယ်။

ယခုနှစ်ဇန်နဝါရီက ဆိုးလ်အခြေ စိုက်ကုမ္ပဏီက ၅၅ လက်မ OLED တီဗွီမော်နီတာတွေကို အောင်မြင်စွာထုတ် လုပ်နိုင်ခဲ့ပြီး အယ်လ်ဂျီအီလက်ထရွန်း နစ်ကိုလွန်ခဲ့တဲ့လက မော်နီတာတွေ ပေးသွင်းနိုင်ခဲ့ပါတယ်။ OLED နဲ့ LCD မော်နီတာတွေရဲ့ ကွာခြားချက်က OLED မှာ နောက် ဘက်ကနေ အလင်းရောင်ပေးစရာ မလို ပါဘူး။ ဒါကြောင့် စွမ်းအင်ကို ပိုမိုချွေ တာနိုင်တဲ့အပြင် မော်နီတာတွေကို လည်း ပိုပြီးပါးအောင် ထုတ်လုပ်နိုင်ပါ တယ်။ OLED နဲ့လုပ်ထားတဲ့ Display တွေကိုလောလောဆယ်မှာ စမတ်ဖုန်း တွေလိုအသေးစားကိရိယာလေးတွေမှာ သုံးနေပါတယ်။ ဒါပေမဲ့ တယ်လီဗွီးရှင်း လိုအကြီးစားတွေထုတ်လုပ်ရာမှာတော့ အစုလိုက် အပြုံလိုက် ထုတ်လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် ကြန့်ကြာခဲ့ ပါတယ်။ ယခုတော့ WRGB OLED  နည်းပညာကို သုံးပြီး စီးပွားဖြစ်ထုတ်ဖို့ တာစူနိုင်ပြီ ဖြစ်ကြောင်း ကိုရီးယားဟာ ရယ်သတင်းမှာ ဖော်ပြထားပါတယ်။