Main menu

Background

မြန်မာ့ ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 02/25/2013 - 06:44 -- ydnar

အမေရိကန် ဗဟိုဘဏ်က ငွေ ကြေးမူဝါဒလျှော့ချဖို့ ဆက်လုပ်တော့မှာ မဟုတ်ဘူး။ အာရှဒေသတွင်းမှာရှိတဲ့ ဗဟို ဘဏ်တွေကလည်း ငွေတန်ဖိုးမြင့် တက်နေတာကို ထိန်းချုပ်ဖို့ ဝင်ရောက် စွက်ဖက်လိမ့်မယ် ဆိုတဲ့အထင်ကြောင့် ယခုရက်သတ္တပတ်အတွင်းမှာ မလေးရှား ရင်းဂစ်နဲ့ တောင်ကိုရီးယားဝမ်တို့ ဦး ဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုး ကျခဲ့ပါတယ်။

 
ဒေါ်လာ အညွှန်းကိန်းက ဖေဖော် ဝါရီ ၂၀ ရက်က သုည ဒသမ ၈ ရာခိုင် နှုန်းမြင့်တက် ခဲ့ပြီးနောက်တစ်နေ့မှာသုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ငွေကြေးတန်ဖိုး နိမ့်ချီမြင့်ချီဖြစ်နေတာ ကို ထိန်းချုပ်ဖို့ ဆောင်ရွက်မှာ ဖြစ် ကြောင်း တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင် ဗဟိုဘဏ် အရာရှိတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးလအတွင်း ဒေါ်လာ နဲ့ဖလှယ်ရာမှာ ၁၁ ရာခိုင်နှုန်းကျဆင်း တဲ့အထိဂျပန်နိုင်ငံရဲ့ မူဝါဒတွေကြောင့် ဆမ်ဆောင်း အီလက်ထရွန်နစ်လို ကိုရီးယား ကုမ္ပဏီတွေကို ထိခိုက်မှု ဖြစ် စေ ခဲ့ပါတယ်။ နောက် လာတော့မယ့် သမ္မတ ပတ်ဂွင်ဟိုင်းက လိုအပ်ရင် ငွေ ကြေး ရောင်းဝယ်တဲ့ စည်းမျဉ်းတွေကို ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း သူမရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့က ပြောပါ တယ်။
တရုတ်ယွမ် ကမ္ဘာ့ဈေးကွက်ထဲမှာဒေါ်လာ ငွေ ကြေးတန်ဖိုး ပြန်လည် တည့်မတ်နေ တဲ့အခြေအနေကတရုတ်ဗဟိုဘဏ်က သတ်မှတ်တဲ့ဈေးနှုန်းချထားတာကို ထေမိတဲ့အတွက် ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းမှာ ယွမ်တန်ဖိုး အနည်းငယ် မြင့်တက်ခဲ့ကြောင်း ကုန်သည်တွေက ပြောပါတယ်။ လက်ငင်းဈေးကွက်မှာဖေဖော်ဝါ ရီ ၂၁ ရက်ဈေးပိတ်ချိန်က ယွမ်တန် ဖိုးက သုည ဒသမ ၀၃ ရာခိုင်နှုန်း မြင့် တက် ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၃၈၇ ယွမ်နှုန်း ရှိခဲ့ပါတယ်။
ရူပီး ပို့ကုန် လုပ်ငန်းရှင်တွေက အမေ ရိကန်ဒေါ်လာကို ထပ်မံရောင်းချတဲ့ အတွက် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်ရေး ဈေးကွက်မှာ ဖေဖော်ဝါရီ ၂၂ ရက်က ရူပီးတန်ဖိုးက သုည ဒသမ ၀၄ ရူပီးမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၄ ဒသမ ၄၃ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ပြည်ပဈေးကွက်တွေမှာ အမေရိကန် ငွေကြေးနဲ့ ဖလှယ်တဲ့အခါ ယူရိုတန်ဖိုး မြင့်တက်တာကလည်း ရူပီး တန်ဖိုး ကို အထောက် အကူရစေခဲ့ပါတယ်။
ဂျပန်ယန်း ဖေဖော်ဝါရီမှာ ပုဂ္ဂလိက စီးပွား ရေးလုပ်ငန်းတွေကနှစ်လအတွင်းအနိမ့် ဆုံးကျဆင်းခဲ့တာကို ယူရိုဇုန်ဖွံ့ဖြိုး မှု ညွှန်း ကိန်းတွေမှာ တွေ့ရပြီးတဲ့နောက် ယူရို နဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး မြင့် တက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူရို/ဒေါ်လာဖလှယ် နှုန်းက ဖေဖော်ဝါရီ ၂၁ ရက်မှာတစ်ယူ ရို ၁ ဒသမ ၃၂၈၃ ဒေါ်လာနှုန်းမှ ဖေ ဖော်ဝါရီ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၁၈၈ ဒေါ်လာအထိ ယူရို တန်ဖိုး ကျဆင်းခဲ့ပါ တယ်။ ယန်းငွေကြေးရဲ့ တန်ဖိုးက ဖေဖော် ဝါရီ ၂၁ ရက် ညနေပိုင်းမှာ တစ်ဒေါ် လာ ၉၃ ဒသမ ၆၁ ယန်းရှိခဲ့ရာမှ ဖေ ဖော်ဝါရီ ၂၂ ရက်မှာ ၉၃ ဒသမ ၁၁ ယန်းထိ မြင့်တက်ခဲ့ပါတယ်။ ယူရိုတန်ဖိုး ကတစ်ယူရိုကို ၁၂၄ ဒသမ ၃၇ ယန်းမှ ၁၂၂ ဒသမ ၈၁ သန်းထိ ကျဆင်းခဲ့ပါ တယ်။
မလေးရှားရင်းဂစ် ဥရောပယူရိုဇုန် ၁၇ နိုင်ငံမှာရှိတဲ့ ဝန်ဆောင်မှုနဲ့ထုတ်လုပ်မှုကဏ္ဍမှာ ဝယ် ယူသူမန်နေဂျာများ ကို ကောက်ယူထား တဲ့စစ်တမ်းအရအညွှန်းကိန်းက ဇန်နဝါ ရီမှာ ၄၈ ဒသမ ၆ မှတ်ရှိခဲ့ရာမှ ယခုလ မှာ ၄၇ ဒသမ ၃ ထိ ကျဆင်းခဲ့ပါတယ်။ အခြေအနေ အတက်အကျကို သတ် မှတ်တဲ့ကြားမှတ်က ၅၀ ဖြစ်ပါတယ်။ ဘလွမ်းဘတ်ကပြုစုထားတဲ့ စာ ရင်းအရကွာလာလမ်ပူမှာ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီ ၃၁မိနစ် က ရင်းဂစ်တန်ဖိုးဟာ တစ်ဒေါ်လာကို ၃ ဒသမ ၁၀၂၀ ရင်းဂစ်နှုန်းရှိခဲ့ပြီးယခု ရက် သတ္တပတ်အတွင်း သုည ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ပါတယ်။ မလေးရှား ရင်းဂစ်တန်ဖိုးက ရေတို ကာလအတွင်းတစ်ဒေါ်လာကို ၃ ဒသမ ၀၈၅၀ နှင့် ၃ ဒသမ ၁၁၅၀ ရင်းဂစ် အတွင်း ရှိနိုင်ပါတယ်။
တောင်ကိုရီးယားဝမ် အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်ကနောက်ဆုံးပြုလုပ်တဲ့စီးပွားရေး တွန်းအားပေးအစီအစဉ်ကို ခန့်မှန်းထား တာထက်စောပြီးရုပ်သိမ်းလိမ့်မယ်လို့ တွက်ဆထားတဲ့အတွက် တောင်ကိုရီး ယားဝမ်ရဲ့တန်ဖိုးက ရက်သတ္တပတ် အတွင်း အဆိုးဆုံး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယား ဝမ် တန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာမှာ ဖေဖော်ဝါရီ  ၂၂ ရက်က သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းအများဆုံးကျဆင်းတာဖြစ် ကြောင်းသွမ်မဆင်ရိုက်တာမှ ထုတ်ပြန် တဲ့စာရင်းတွေအရ သိရပါတယ်။
ထိုင်းဘတ် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်လိမ့်မယ် ဆိုတဲ့တွက်ဆမှုကြောင့် နှစ်ပတ်ကြာ ကျဆင်းမှုရပ်တန့်သွားပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာ ဘတ်ငွေ တန်ဖိုးမြင့်တက် ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဂျီဒီပီက နှစ် အလိုက် တိုးတက်နှုန်း ၁၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ပင်လယ်ရပ်ခြားရန်ပုံငွေအဖွဲ့ တွေ ရဲ့ အစိုးရငွေကြေးသက်သေခံလက်မှတ် ဝယ်ယူမှုက ဖေဖော်ဝါရီမှာ အရောင်း ထက်အဝယ်က ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ပိုမိုခဲ့ကြောင်း ထိုင်းဘွန်းဈေး ကွက် အသင်းက ပြောပါတယ်။ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်မနက် ၈ နာရီ ၃ မိနစ်က ဘတ် ငွေ တန်ဖိုးက သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၂၉ ဒသမ ၈၄ ဘတ်နှုန်း ရှိခဲ့ပါတယ်။