Main menu

Background

ပို့ကုန်နဲ့ ပြည်တွင်းစားသုံးမှုကြောင့် ထိုင်းစီးပွားရေး မြင့်တက်

Mon, 02/25/2013 - 06:43 -- ydnar

ပို့ကုန်နဲ့ ပြည်တွင်းစားသုံးမှု မြင့်တက်လာမှုပြီးတဲ့နောက် အတိုးနှုန်းတွေ လျှော့ချ ဖို့ ဗဟိုဘဏ်အပေါ်ဖိအားပေးမှု ကျဆင်းလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုစတုတ္ထသုံးလပတ်မှာ မြင့်တက်လာပါတယ်။ ထိုင်းနိုင်ငံ ရဲ့ ငွေ ကြေး မူဝါဒကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျင်းပဖို့ရှိပါ တယ်။

ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု(ဂျီဒီပီ)က ယခင်နှစ်အလား တူကာလနဲ့နှိုင်းယှဉ်ရင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ကုန်ဆုံးတဲ့ သုံးလပတ်မှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အမျိုးသားစီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးမှု ဘုတ်အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးက ရေလွှမ်း မိုးမှုကြောင့် စက်မှုကဏ္ဍအစိတ်အပိုင်း အများစုကို ရပ်ဆိုင်းထားခဲ့ရတဲ့ ၂၀၁၁ ခုနှစ်မှာ သုည ဒသမ ၆ ရာခိုင်နှုန်းမြင့် တက်ပြီး ၂၀၁၂ ခုနှစ်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ်က ယခင်လအ စည်းအဝေးမှာ ဒုတိယမြောက်လအဖြစ် ဗဟိုဘဏ်အတိုးနှုန်းကိုဆက်လက် ထိန်းထားခဲ့ပါတယ်။ ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာရနောင်းက ဘတ်ငွေတန်ဖိုး မြင့်တက်နေတာကျဆင်း သွားဖို့ ဖြေ လျော့မှုတွေပြုလုပ်ဖို့ ထပ်မံတိုက်တွန်းခဲ့ပေမဲ့ အတိုးနှုန်းတွေလျှော့ချရမဲ့အခြေ အနေမရှိကြောင်း ထိုင်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပရာဆန်ထရိုင်ရပ်ဗိုရာကူး က ပြောပါတယ်။ "အတိုးနှုန်းကို အကြာကြီးလျှော့ချထားရင် ငွေကြေးပူဖောင်းဖြစ်လာနိုင် ပါတယ်" လို့ ပရာဆန်ကပြောကြောင်း Bangkok Post  သတင်းမှာဖော်ပြပါ တယ်။