Main menu

Background

ငွေကြေးစစ်ပွဲမှ ရှောင်ရှားဖို့ ဂျီ-၂၀ အုပ်စုက ကတိပြု

Mon, 02/25/2013 - 06:46 -- ydnar

ငွေကြေးဈေးကွက်တွေမှာ စီးပွား ရေးစစ်ပွဲဖြစ်လာမှာကို စိုးရိမ်စိတ်တွေ ရှိနေတာကိုတည်ငြိမ်သွားစေဖို့ ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေက ဖေဖော်ဝါရီ ၁၆ ရက်ကစတင်လှုပ်ရှားဆောင်ရွက်ခဲ့ ကြပြီးသူတို့ရဲ့ငွေကြေးတွေရဲ့ ယှဉ်ပြိုင် နိုင်မှုစွမ်းရည်မြင့်တက်သွားအောင်ငွေ ကြေးတန်ဖိုးကိုသီးသီးခြားခြားသတ်မှတ် ပေးတာမျိုးကိုသော်လည်းေ ကာင်း၊ ငွေ ကြေးတန်ဖိုးချတာကိုသော်လည်းကောင်း မပြုလုပ်ကြပါဘူးလို့ ကတိပြုပေးခဲ့ကြ ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးလက်ထက်မှာ ဂျပန်နိုင်ငံ ကငွေကြေးဖေါင်းပွမှုမြှင့်တင်ဖို့ ငွေကြေး မူဝါဒကိုလျှော့ချ တဲ့အစီအစဉ်ကိုဆောင် ရွက်တဲ့အပြင်ယန်းငွေတန်ဖိုးကိုလျှော့ ချဖို့ဆောင်ရွက်လာတဲ့အတွက် အသံ ပလံတွေထွက်ပေါ် လာပါတယ်။
 

"အပြိုင်အဆိုင်ငွေကြေးတန်ဖိုးချ တာကို ကျွန်တော်တို့ရှောင်ရှားမှာပါ။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်တိုးတက်လာဖို့ အတွက်ရည်ရွယ်ပြီးငွေကြေးတန်ဖိုးပုံ သေသတ်မှတ်တာမျိုးကျွန်တော်တို့ မလုပ်ပါဘူး" လို့ရုရှားနိုင်ငံက ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီးမော်စကိုမှာကျင်း ပခဲ့တဲ့ ဂျီ-၂၀ အစည်းအဝေးမှာပြော ကြားခဲ့ပါတယ်။ မကြာသေးမီက ချမ်းသာတဲ့ ခုနစ် နိုင်ငံအုပ်စု (ဂျီ-၇) အစည်းအဝေးမှာ လည်းအလားတူကြေညာချက် မျိုးထုတ် ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက ချမှတ်ထား တဲ့ငွေကြေးမူဝါဒကို အနောက်နိုင်ငံတွေ ကပြင်းပြင်းထန်ထန်ေ၀ ဖန်ခဲ့ပါတယ်။ ဂျီ-၇ အုပ်စုရဲ့ကြေညာချက်ကို ဂျပန် နိုင်ငံကလည်းအတည်ပြုခဲ့ပြီးနောက်ပိုင်း ယခု ဂျီ-၂၀ အုပ်စုကြေ ညာချက်က အလားတူတစ်သံတည်းထွက်ကာထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ ဈေးကွက်ကို အခြေပြုတဲ့ငွေကြေး ဖလှယ်မှုစနစ်ကို ပိုမိုလျင်မြန်စွာချမှတ်နိုင်ဖို့နဲ့ဖြစ်ပေါ်နေ တဲ့စီးပွားရေးအခြေခံတွေနဲ့အညီငွေကြေး ဖလှယ်နှုန်း ကို ပြုလွယ်ပြင်လွယ် ဖြစ် အောင် ဆောင်ရွက်ဖို့ ဂျီ-၂၀ အုပ်စုရဲ့ ကြေညာချက်မှာကတိပြုထားပါတယ်။ စီးပွားရေးအရ ထိပ်တန်းပြန် ရောက်နေတဲ့ ကမ္ဘာ့နိုင်ငံ၂၀ ပေါင်းစည်း ညီညွှတ်တဲ့တပ်ဦးတစ်ခု ကိုဖေါ်ဆောင် နိုင်အောင်ကြိုးပမ်းတဲ့အနေနဲ့အတူတကွ ရှင်သန် ကြီးထွားနိုင်ဖို့အတွက်  စည်းလုံး ညီညွှတ်စွာ ဂျီ-၂၀ နိုင်ငံတွေက ပိုမို နီးကပ်စွာ ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ပါ တယ်။ ဂျီ-၂၀ ရဲ့ ကြေညာချက်က ဂျီ-၇ ကြေညာချက် နဲ့ ကွဲပြားခြားနားမှုရှိပြီး ဈေးကွက်က ဆုံးဖြတ်ပေးတဲ့ ငွေကြေး ဖလှယ်နှုန်းကို သတ်မှတ်ပေးခဲ့ပါတယ်။ ဂျီ-၇ အဖွဲ့ကဈေးကွက်က ဆုံးဖြတ်တဲ့ ငွေကြေးဖလှယ်နှုန်း ကိုကျင့်သုံးဖို့သာ ချ မှတ်ခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြ ထားပါတယ်။