Main menu

Background

ငွေကြေးဆိုင်ရာ "လွတ်လပ်မှု"ကို အာဘေးရဲ့ အကြံပေးက ကာကွယ်ပြောကြား

Mon, 02/25/2013 - 06:45 -- ydnar

ဂျပန်နိုင်ငံက ယန်းငွေကြေးကို ဈေးကစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုကာကွယ်တဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ စီးပွားရေးအကြံပေး အရာရှိကငွေကြေးဆိုင်ရာ "လွတ်လပ်မှု" မူဝါဒကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာမှာ ရှင်ဇိုအာဘေးရွေးချယ်ခံခဲ့ရပြီး နောက်ပိုင်းယန်းငွေကြေးရဲ့တန်ဖိုးက အဆမတန်ထိုးကျခဲ့ပါတယ်။ ဒီကျဆင်းမှုကို မော်စကိုမြို့မှာ ကျင်းပတဲ့ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ရဲ့အစည်းအဝေး မှာ လေ့လာ ဆွေးနွေးစရာအကြောင်းအရာဖြစ်ခဲ့ပါတယ်။

အာဘေးရဲ့စီးပွားရေးပညာ (Abe nomics) လို့ ခေါ်တဲ့ စာတမ်းမူကြမ်း ကို ပြုစုခဲ့သူ ယေးတက္ကသိုလ်ပါမောက္ခ ကိုအိချိဟာမာဒါ က ငွေလဲလှယ်နှုန်း မဟုတ်ဘဲအလုပ်အကိုင်ဖွံ့ဖြိုးမှုကို ထိပ်တန်းဦးစားပေးအဖြစ် ဖော်ပြတဲ့ သူ့ရဲ့ "အပြည်ပြည်ဆိုင်ရာငွေကြေးလွတ်လပ်မှု" ကို ရပ်တည်ပြောကြားခဲ့ပါတယ်။ "ငွေကြေးမူဝါဒကို အဲဒီငွေကြေးရဲ့ ကိုယ်ပိုင် ဈေးနှုန်းအဆင့်နဲ့ အညီ ချမှတ် ရပါမယ်။ ငွေကြေး ဖလှယ်နှုန်းနဲ့သာမကဈေးနှုန်းအဆင့်နဲ့အလုပ်လက်မဲ့  အခြေ အနေနဲ့ အညီဆောင်ရွက်ရပါမယ်။ ဒါမှသာ ကမ္ဘာကြီးကပိုမိုကောင်းမွန်တဲ့အခြေ အနေကို ရောက်ရှိစေနိုင်ပါလိမ့်မယ်" လို့ ဝါရှင်တန်ရှိ ပကပ်တာဆင်အပြည်ပြည် ဆိုင်ရာစီးပွားရေးသိပ္ပံမှာ ဟာမာဒါက ပြောပါတယ်။ အာဘေးရဲ့ဖိအားပေးမှုအရ ဂျပန် ဗဟိုဘဏ်က အက်ဆက်ဝယ်ယူမှုကို အကြီးအကျယ် တိုးချဲ့ဆောင်ရွက် ခဲ့ပါတယ်။ ဒီလုပ်ရပ်က "ငွေကြေးမူဝါဒ လျှော့ချမှု"ကို ဖြစ်ပေါ်စေပြီး ယန်းငွေ တန်ဖိုးကိုကျဆင်းစေခဲ့ပါသည်။ ယန်းငွေ ကျဆင်းမှုက ဂျပန်ထုတ်ကုန်တွေကို ပင်လယ်ရပ်ခြားမှာဈေးသက်သာစေပြီး ဂျပန်ပို့ကုန်လုပ်ငန်းတွေကိုအကျိုး ရှိစေခဲ့ကြောင်း  AFP  သတင်းမှာ ဖော်ပြထား ပါတယ်။