ဒီသီတင်းပတ်မှာ နို့ဆီ ၃၇၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းမှုမရှိတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ချိန် ငါးရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော် အဝင် လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်ဝင် လာခဲ့တဲ့ နို့ဆီက အိုကေတံဆိပ်နို့ဆီပဲ ဖြစ်ပါတယ်။
နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၁၈ ဒသမ ၈၁ တန်သာ တင် သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်မှာ တန် ချိန် နှစ်ရာနီးပါး အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်တော်တော် လေး လျော့နည်းခဲ့ပါတယ်။MIRT (DOT)
