Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီ ဈေးနှုန်းများ( 25-2-13)

Mon, 02/25/2013 - 06:52 -- ydnar

ယခုလအတွင်း ပင်လယ်ရေကြောင်းလမ်းမှ  ဓာတ်ဆီ/ဒီဇယ် တန်ချိန် ခြောက်ထောင့်ခုနစ်ရာဝင်ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း ဓာတ်ဆီတန်ချိန် ၂၀၀၀၊ ဒီဇယ်တန် လေးထောင့်ခုနစ်ရာ၊ စုစုပေါင်း ၆၇၀၀ တန်ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် မော်လမြိုင်၊ တောင် ကြီး၊ မန္တလေး၊ ရန်ကုန်တွင် ဈေးငြိမ်နေပြီး လက်လီရောင်းချသော ဆိုင်များတွင်မူ ရန်ကုန်တွင် ဒီဇယ်ဈေးများ အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ရန်ကုန် ပြင်ပလက်လီ ဆိုင်ရဲ့  ပီပါဈေးများတွင် ဓာတ်ဆီဈေး နှစ်ထောင်ဝန်းကျင် ဈေးလျော့ လာပြီး ဒီဇယ်ဈေးမှာ ကျပ်သုံးထောင်ဝန်း ကျင်ဈေးမြင့်လာကြောင်း သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်များတွင် ဈေးငြိမ်နေသော် လည်း ပြင်ပ လက်လီဆိုင်များတွင် ဒီဇယ်ဈေးမြင့်လာပြီး ဓာတ်ဆီမှာ ယခင်ဈေး နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ် ဈေးတစ်ဂါလန် ကျပ် ၄၂၀၀ ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၆၀၀ ကျပ်ဝယ်ပြီး ၃၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၃၈၀၀၊ ဒီဇယ်တစ်ဂါလန် ကျပ် ၃၉၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာလည်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးက ယခင်တစ် ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။  လက်လီဆိုင်များရဲ့ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ကျပ် ၃၉၀၀၊ ရောင်းဈေး ၄၁၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ကျပ် ၃၇၀၀၊ ရောင်းဈေး ကျပ် ၃၉၀၀ ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ်နေ သလို ပြင်ပလက်လီဆိုင်ရဲ့ ဈေးကလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၄၂၀၀၊ ဒီဇယ် ကျပ် ၄၀၀၀ ၊ အောက်တိန်း ကျပ် ၄၁၀၀နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရှိရပါတယ်။မုံရွာဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီ ရောင်းဝယ်မှုမှာလည်း ဈေးတွေက ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်နဲ့ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၄၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT