Main menu

Background

ကျဆင်းနေတဲ့ မြန်မာ့ရွှေဈေး အနည်းငယ် ပြန်တက်လာ

Mon, 02/25/2013 - 07:18 -- ydnar

တရုတ်နှစ်သစ်ကူး ပွဲတော်ကြောင့် အကျဖက်ကို ဦးတည်နေသည့်မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်ဖေဖော်ဝါရီ ၂၂ ရက်တွင် အနည်းငယ် ပြန်လည်မြင့် တက်လာခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာ့ရွှေ ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၇၅၀၂၀၀ ရှိခဲ့ရာမှ ဖေဖော် ဝါရီ ၁၉ ရက်တွင် ကျပ် ၇၅၀၃၀၀၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၇၄၉၀၀၀၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျပ်၇၃၆၀၀၀၊ ဖေဖော်ဝါရီ ၂၂ ရက် တွင် ကျပ် ၇၃၉၅၀၀ ဖြင့် ဆက်တိုက် ကျဆင်းခဲ့ရာ ရွှေဝယ်ရောင်းသမားများ အခက်တွေ့ခဲ့ရသည်။သို့သော် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျပ် ၇၃၉၅၀၀ သို့ ရောက်ရှိလာရာ ဈေးအနည်းငယ်မြင့်တက်ခဲ့သည်။ ယင်း ကဲ့သို့ မြန်မာ့ရွှေဈေးများ ဆက်တိုက် ကျဆင်းနေမှုနှင့်ပတ်သက်၍ ရွှေလုပ် ငန်းရှင်တစ်ဦးက "မြန်မာ့ရွှေဈေးက ဒီတစ်ပတ်ထဲမှာ ဆက်တိုက်ကို ကျနေ တာ။ အဲဒါက ကမ္ဘာ့ရွှေဈေးကျလို့ ကျရ တယ်ဆိုတာထက် နယ်စပ်ကို ပို့မယ့် ရွှေတွေ ဒီဘက်ကို ပြန်ဆင်းလာလို့ပဲ ဖြစ်ပါတယ်။ နယ်စပ်မှာက  နှစ်ကူး ကြောင့် အရောင်းအဝယ်တွေ  ရပ်သွား တဲ့အချိန်မှာ အလုပ်မဖြစ်တော့ ဒီဘက် ကို ပြန်ဆင်းလာကြတာ။ အလုပ်လုပ်ဖို့ ကငွေလိုကြတယ်လေ။ အဲဒီတော့ ရွှေ ကို ထုတ်ရောင်းကြတာများလာတော့ ဈေးကကျသွားတာပါ။ ဒါကလည်း ဒီ တစ်ပတ်လောက်ပဲဖြစ်မှာပါ။ နှစ်ကူးက လည်း ပြီးသွားပြီဆိုတော့ ဈေးပြန်တက် လာနိုင်ပါတယ်"ဟု သုံးသပ်ပြခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  ကျဆင်း  လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်က ၁၆၁၅ ဒေါ်လာရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၁၅၈၃ ဒေါ်လာသို့ ကျ ဆင်းခဲ့သည်။"အမေရိကန်မှာ  စတော့ရှယ်ယာ ဈေးတွေ တက်လာတော့ ဒေါ်လာဈေး ကတက်လာတယ်။ ဒေါ်လာတက်လာ ရင် ရွှေကကျသွားမှာပဲ။ အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ ကောင်းလာရင် အမြတ်သေချာတဲ့ စတော့ကို ကစားကြ တော့ ရွှေဝယ်လိုအားတွေ ကျသွားနိုင် တယ်။ ဒါကြောင့်  ကမ္ဘာ့ရွှေဈေးက ကျသွားရတာပါ"ဟု ၎င်းက သုံးသပ်ပြ ခဲ့သည်။                     မယ်သီတာ