Main menu

Background

အမေရိကန်ဒေါ်လာငွေ လဲနှုန်း အနည်းငယ်မြင့်တက်လာ

Mon, 02/25/2013 - 06:55 -- ydnar

ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းများ မြင့်တက် လာခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့်ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သည့်နည်းတူ  နိုင်ငံခြား ငွေလဲလှယ်နှုန်းများလည်း မြင့်တက်ခဲ့ရခြင်း
ဖြစ်ကြောင်း သိရသည်။
 

ယခင်ရက်များအတွင်းက ပြင်ပငွေဈေးကွက်တွင် အမေရိကန်ဒေါ်လာ ရောင်း ဈေးနှင့် ဝယ်ဈေးတို့ တူညီလုနီးပါးရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ပြင်ပငွေဈေးကွက် တွင်လည်း ဒေါ်လာဈေး များ မြင့်တက်လာခဲ့ သည်ကို တွေ့ရသည်။တရားဝင် ဖွင့်လှစ်ခွင့်ရသည့်ဘဏ်များရှိ ငွေလဲစင်တာများနှင့် သိမ်ဖြူငွေလဲ စင်တာတို့၏ ဈေးနှုန်းများမှာလည်း အနည်းငယ် ကွာဟလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် အေဂျီဒီဘဏ်တွင် ဖေဖော်ဝါရီ ၂၂ ရက်က ရောင်းဈေး ၈၆၈ ကျပ်၊ ဝယ်ဈေး ၈၆၀ ကျပ်ရှိခဲ့သည်ကို တွေ့ရသည်။ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၁၈ ရက်က အပြောင်း အလဲ မရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၂၀ ရက်တွင်မူ ရည်ညွှန်းငွေလဲနှုန်းမှာ ၈၅၉ ကျပ်မှ ၈၆၁ ကျပ်သို့ မြင့်တက်လာခဲ့သည်။  သိမ်ဖြူငွေလဲစင်တာတွင် ဝယ်ဈေး ၈၅၉ ကျပ်၊ ရောင်းဈေး ၈၆၄ ကျပ်ရှိခဲ့ပြီး ပြင်ပငွေလဲဈေးကွက်တွင်မူ ဝယ်ဈေး ၈၆၀ ကျပ်၊ ရောင်းဈေး ၈၆၂ ကျပ် ရှိခဲ့သည်။"ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းက တက်သွားတယ်။ ဒါကလည်း မဆိုစ လောက်ကလေးပဲ တက်တာပါ။ ဒါပေမယ့် ငွေလဲစင်တာတွေက အပြိုင်အဆိုင်  ရောင်းကြ ဝယ်ကြတာဆိုတော့ အဲဒီ ၈၆၁ ကျပ်ကို အခြေခံပြီး ဈေးသတ်မှတ်ကြ တာပါ။ ဒေါ်လာဈေးတက်လာတာကလည်း သိပ်အများကြီး မဟုတ်တဲ့အတွက် မသိသာပါဘူး"ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုဦးက ဆိုသည်။     မယ်သီတာ