Main menu

Background

ပြည်တွင်းသုံးအတွက် အရောင်းအဝယ်သွက်တဲ့ ရှမ်းချင်းဈေးကွက်

Mon, 02/25/2013 - 07:21 -- ydnar

ပြည်ပဝယ်လိုအားမရှိသေးတဲ့ ရှမ်းချင်းက ယခုလောလောဆယ်မှာ ပြည်တွင်း သုံးအတွက် ဝယ်ယူမှုရှိနေပြီး၊ အခက်ကြီး၊ အခက်လှတာတွေများနေတာကြောင့် ဈေးကောင်းရနေတယ်လို့သိရပါတယ်။ ပွင့်လင်းရာသီ ရောက် လာပြီး၊ အလှူအတန်း တွေပြုလုပ်လာတာကြောင့်   အလှူတွေမှာ ဧည့်ခံဖို့အတွက် ချင်းထိုးသမားတွေက ဝယ်ယူနေကြပါတယ်။ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မုံရွာစတဲ့မြို့ကြီးတွေက ဈေးပတ်သမားတွေက အဝယ်ရှိနေပေမဲ့ ဒီနှစ် ချင်းရောင်းရတဲ့နှုန်းကတော့ မနှစ်ကထက် လျော့နေတယ်လို့သိရပါတယ်။ အောင်ပန်းေ ဈးကွက်မှာ ဈေးဖိတ်နေ့ ဆိုရင် အဝင်များပြီး၊ ပိဿာချိန် ၆၀၀၀ ခန့်ဝင်ပါတယ်။ ဈေးခြားရက်တွေမှာတော့ ပိဿာချိန် ၂၅၀၀-၃၀၀၀ ခန့်သာ အဝင်ရှိပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကလည်းအမျိုးမျိုးရှိပါတယ်။ အညံ့စချင်းေ တွကတော့ တစ်ပိဿာ ၂၀၀ ကျပ်၊ အလတ်စက ၂၈၀ ကျပ်၊ ၃၀၀ ကျပ်နဲ့ ထိပ်စလို့ခေါ်တဲ့ အခက်ကြီး၊ အခက်လှတွေ ကတော့ ၃၅၀ ကျပ်ဈေးရှိပါတယ်။

ချင်းခြောက်ကတော့ အဝင်နည်း၊ လက်ကျန်လည်းနည်း၊ အရောင်းအဝယ်က လည်းပါးနေပြီး တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ဧဧခိုင်-တောင်ကြီး