Main menu

Background

ရိဒ်ခေါဒါရ်မြို့နယ်ခွဲမှ (ဒေသထွက်) ချင်းအစိုများ စတင် တင်ပို့

Mon, 02/25/2013 - 07:26 -- ydnar

ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက် ကချင်းအစို (၁၁၀၂၅)ကီလိုဂရမ် (၁၁ ဒသမ ၀၂၅ တန်)ကို တစ်ဖက်နိုင်ငံ ဇိုခေါ ဒါရ်သို့ စတင်တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းအစိုများကို တစ်ဖက်နိုင်ငံရှိ ဇိုခေါဒါရ်မှ  တစ်ဆင့် ကျန်ဖိုင်း၊ ကျန်ဖိုင်းမှတစ်ဆင့် အိုက်ဇော၊ အိုက်ဇောမှတစ်ဆင့် ဆီးလ်ကျာရ် မြို့ (ထရီပူရပြည်နယ်၏မြို့တော်) ထိ ဖြန့်ဖြူးရောင်းချကြတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့တွင် ချင်းအစိုများကို တစ်ဖက်နိုင်ငံ အိုက်ဇောမှ ဝယ်ယူခြင်းမရှိခဲ့သဖြင့် တင်ပို့ရောင်းချခြင်းမပြုလုပ်နိုင်ခဲ့ဘဲ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လမှသာစတင်၍ တစ်ဖက်နိုင်ငံအိုက်ဇောမှ အဝယ်ရှိလာတာဖြစ်ပါတယ်။

ချင်းအစိုများကို ရိဒ်ခေါဒါရ်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ တောင်သူများက စိုက်ပျိုးကြပါတယ်။ချင်းအစို စိုက်ပျိုးသူတောင်သူ ၇၀ ဦးခန့်ရှိပြီး စုစုပေါင်း စိုက် ပျိုးဧက ၁၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။ တစ်ဧကအ ထွက်နှုန်းအနေနဲ့ ခန့်မှန်း ၆၈၂ ဒသမ ၅ ပိဿာ (၃၀ အိတ်_၃၅ ကီလိုဂရမ်၊ ၁၀၅၀ ကီလိုဂရမ်၊ ၁ ဒသမ ၀၅ တန်၊ ၆၈၂ ဒသမ ၅ ပိဿာ) ထွက်ရှိပါတယ်။ ၎င်း ချင်းအစိုများကို ဧပြီနဲ့မေလ မိုးစတင်ရွာသွန်းသည့် အချိန်တို့တွင် စတင်စိုက်ပျိုးထားရှိပြီးနောက် တစ်နှစ် ဖေဖော် ဝါရီ၊ မတ်၊ ဧပြီလရောက်ရှိမှသာ ဝယ်ယူသူ ရှိပြီး ဈေးကောင်း လျှင် ရောင်းချမှုများပြု လုပ်တယ်လို့ သိရပါတယ်။ ဝယ်ယူသူမရှိပါက စိုက်ခင်းအတွင်းမှာသာ ဆက်လက် ထားရှိကြပါတယ်။ အဲဒီလိုဆက်လက်ထားရှိလျှင် ချင်းအတက် တစ်တက်မှ ငါး တက်အထိ ထပ်မံပွားများလာတယ်လို့ သိရှိရပါတယ်။ ယခုရောင်းချတဲ့ ချင်းအစို များဟာ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်ကတည်းက စိုက်ပျိုးထားရှိခဲ့ကြပြီး ယခု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ဝယ်လက်ပေါ်လာ၍ ဈေးကောင်းရရှိသောကြောင့် ဒေသခံ တောင်သူများက စိုက်ခင်းများမှ ဖော်ယူရောင်းချကြတယ်လို့ သိရပါတယ်။ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ ၇၂၀၀ ရူပီး (၁၁၅၂၀၀၀ ကျပ်) ဖြစ်ပြီး ရိဒ်ခေါဒါရ် မြို့နယ်ခွဲမှ တစ်ဖက်နိုင်ငံ ဇိုခေါဒါရ်အထိ သယ်ယူပို့ ဆောင်ခအနေနဲ့ ကားတစ်စီးလျှင် ၁၅၀၀၀ ကျပ် (ရူပီး ၉၀၀ ကျော် ခန့်) ပေးဆောင် ၍ ငှားရမ်းပို့ဆောင်လျက်ရှိကြပါတယ်။ ချင်းအစိုတွေရဲ့ဈေးနှုန်းကတော့ ရိဒ်ခေါဒါရ်မြို့နယ်ခွဲမှာ တစ်ကီလိုဂရမ်လျှင် ၁၂ ရူပီး ၁၉၂ ကျပ်ရှိပြီး၊ တစ်ဖက်နိုင်ငံ အိုက်ဇောမြို့မှာ တစ်ကီလိုဂရမ်လျှင် ၁၆ ရူပီး (၂၅၆ ကျပ်) ရောင်းဈေးရှိတယ်လို့သိရပါတယ်။ ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ် ရေးအတွက် ပို့ကုန်အမယ်တစ်မယ်တိုးတင်ပို့နိုင်သဖြင့် ကုန်သွယ်မှု ပမာဏအတွက် အထောက်အကူ ပြုလာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။Source:နကသ (ရိဒ်)၊တင်ထွန်းဦး (ရွှေဘို)