Main menu

Background

ရှမ်းနနွင်း ပြည်ပဝယ်လိုအားရှိနေ

Mon, 02/25/2013 - 07:29 -- ydnar

နနွင်းကတော့ ပြည်ပ ဝယ်လိုအား ရှိတာကြောင့် အရောင်းအဝယ်ကောင်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျန်နေတဲ့ နနွင်းတွေလည်း ရောင်းနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဝင်ကတော့သိပ်မရှိပါ ဘူး။ အောင်ပန်းဈေး ကွက်မှာ တော့ ဆင်တောင်နနွင်းကနည်းနည်း၊ တောင်ပို့လနနွင်းက လည်း နည်းနည်းနဲ့လက်လီခန့်သာ အဝင်ရှိနေပါတယ်။ လော လောဆယ်တော့ ရန်ကုန်ဝယ်လက်တွေသာ အဝယ်ရှိနေပြီး စစ်တွေဝယ်လက်တွေ ကတော့ ခေတ္တရပ်နေကြတယ်လို့ သိရ ပါတယ်။

ဒီတစ်ပတ် နနွင်းပေါက်ဈေးက ပင်လောင်းနနွင်း တစ်ပိ ဿာ ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ တောင်ပို့လနနွင်း ၇၀၀ ကျပ်နဲ့ ဆင်တောင်နနွင်း ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ၂ လပိုင်း ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နနွင်းပိဿာ ချိန်ပေါင်း ခြောက်သိန်းငါးသောင်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း အောင်ပန်းပွဲရုံတွေကသိရှိရပါတယ်။   ဧဧခိုင်-တောင်ကြီး