Main menu

Background

နွားထိုး မန်ကျည်း ဈေးကွက်အထွက်နည်း၍ ဈေးမြင့်ဖွယ်ရှိ

Mon, 02/25/2013 - 07:31 -- ydnar

နွားထိုးကြီးမြို့နယ်တွင်မန်ကျည်းသီးမှည့် လှိုင်လှိုင်ပေါ်စ ပြုနေ၍ မန်ကျည်းသီး ရိုက်ပုတ်လုပ်ငန်းများ စတင်လျက်ရှိ ကြောင်း သိရသည်။

ယခုနှစ်တွင် အခါမဟုတ် မိုးရွာသွန်းသည့်အတွက် မန် ကျည်းသီး အတင်နည်းကာ မန်ကျည်းသီးမှည့်နည်းကြောင်း သိရသည်။ မန်ကျည်းသီးအဟောင်းမှာ တစ်ပိသာ လျှင်ကျပ် ၈၀၀၊ ၉၀၀၊ အသစ်တစ်ပိသာ ကျပ် ၁၀၀၀၊ ၁၂၀၀ထိ နွားထိုး ကြီးဈေးကွက်တွင် ရှိနေကြောင်း သိရသည်။ ပင်လုံးချုပ်၍ဝယ်ယူပါက မန်ကျည်းသီးတစ်ပင်လျှင် ကျပ် ၂၀၀၀၀ မှ ကျပ် ၂၅၀၀၀ ဈေးဖြင့်ကြိုတင်ဝယ်ယူထား သဖြင့်၊ ယခုနွေဦးပေါက်တွင် မန်ကျည်းသီးများရိုက်ပုတ်ယူ နေ ခြင်းဖြစ်ကြောင်းသိရသည်။ မန်ကျည်းသီးမှည့် အသစ် ပေါ်၍၊ မြင်းခြံ၊ မန္တလေး၊ ကျောက်ဆည်မှ၊ နွားထိုးကြီးမြို့သို့ ဆင်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။ မန်ကျည်းတစ်လှည့်၊ ဆီးတစ်လှည့် ဟူသည့်စကားကြောင့် ယခုနှစ်မန် ကျည်းသီး အထွက်နည်းသောနှစ်ဖြစ်နေ သည်။ နွားထိုးကြီးမန်ကျည်းမှည့် ကို ဆေးဖက်ဝင်ဆေးအဖြစ်ဖျော်ရည်နှင့် မုန့်လုပ်ငန်းတွင် အသုံးပြုလျက်ရှိ၍ မန်ကျည်းမှည့် ဈေးကွက်ယခုနှစ်မြင့်တက် ဖွယ်ရှိနေကြောင်းသိရသည်။            ဌေးမြင့်မောင်