Main menu

Background

မုံရွာ ကုန်စည်ဒိုင် ဖေဖော်ဝါရီ တတိယပတ် ပဲဈေးကွက် ဝယ်လက်ကောင်းပေမယ့် ဈေးငြိမ်

Mon, 02/25/2013 - 07:32 -- ydnar

ဖေဖော်ဝါရီလ တတိယပတ် မုံရွာကုန်စည်ဒိုင်ပဲဈေး ကွက်မှာ ယခင်နှစ်တွေက ကာလတူပေါက်ဈေးထက် ပဲ အသီးသီးဈေးနိမ့်ခဲ့ပြီး၊ Export ဈေးကွက်မျှော်လင့်ချက်နဲ့သာ အရောင်းအဝယ်ဆက်လက်ရှင်သန်နေခဲ့ တာ တွေ့ရပါတယ်။ အထူးသဖြင့် ကုလားပဲဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ ရက်တွေက ထက် ဈေးအနည်းငယ်ပိုခဲ့ပြီး၊ V2 တစ်တင်း ၁၇၃၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၆၁၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၇၀၀၀ ကျပ် အသီးသီးဈေး ရခဲ့ပေမယ့် နထစသမအ ဝယ်လက်မဆွဲဘဲ ဒေသတွင်း ခွဲစက် လှောင်လက်နဲ့ ပဲလက်လီအဝယ်သာ ရှိခဲ့လို့ ဒီတစ်ပတ် အတွင်း တစ်ရက်ကို ကုလားပဲမျိုးစုံ အိတ် ၂၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်နဲ့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။

 
ဒီတစ်ပတ်ငုံနီဈေးကွက်မှာတော့ Export မျှော်လင့် ချက်နဲ့ ရန်ကုန်ဝယ်လက်ရှိသလို ဒေသခံလှောင်လက် သမား ပုံမှန်ဆွဲအားရှိလို့ အရင်ပတ်တွေကထက် ဈေးပိုခဲ့ရာတစ်တင်း ၁၉၇၀၀ ကျပ်ထိဈေးမာလာတာတွေ့ရ ပါတယ်။ နယ်ပစ္စည်း အဝင်လျော့နေတဲ့အတွက် တစ်ရက်အိတ် ၂၀၀၀ ကနေ ၃၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ငုံနီ ဈေးကွက်အနေနဲ့ ယခုနှစ်မှာ သီးနှံအထွက်လျော့သော်လည်း Export ဈေးကွက်အခြေ အနေ စောင့်ရင်းအဝယ်အရောင်း လုပ်နေရလို့ နေ့စဉ်အရောင်းအဝယ်ပမာဏဟာ ပုံမှန် မရှိဘူး လို့ ကုန်သည်တွေက ဆိုပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို မြင်းမူဆိပ်ကမ်းကတစ်ဆင့် ရေယာဉ်နဲ့ ငုံနီ အသစ် အိတ် ၁၀၀၀၀ ခန့် တင်ခဲ့တယ်လို့ ရေယာဉ် ကိုယ်စားလှယ် ရပ်ကွက်က ဆိုပါတယ်။ ဈေးကွက်ဝယ်လိုအားရှိပေမယ့် ဒိုင်မှာ ပစ္စည်း အဝင် မရှိသလောက်နည်းနေတဲ့ ပဲတီစိမ်းဈေးကွက်မှာလည်း ယခု ရက်သတ္တပတ်အတွင်း စိမ်းကြီးတစ်တင်း ၂၂၀၀၀ ကျပ်၊ စိမ်းသေးတစ်တင်း ၂၁၈၀၀ ကျပ်ထိ အမြင့်ဆုံးပေါက်ခဲ့ပေ မယ့် နယ်အဝင်ပစ္စည်းပေါ်မူတည်ကာ တစ်ရက်အိတ် ၁၀၀ မှ ၂၀၀ ဝန်းကျင်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်က ဆိုပါတယ်။ ယခုပတ်မုံရွာ ကုန်စည်ဒိုင် မြေထောက်ပဲဈေးကွက် မှာလည်း ဖောင်းပြင်၊ ဟုမ္မလင်း၊ တမူးနယ်က ပုံမှန်အဝင် သာ ရှိခဲ့ပြီး၊ ရန်ကုန်လက်သာမက မန်းလက်ပါ အဆွဲသွက်လို့ တစ်တင်း ၂၈၀၀၀ ကျပ်မှာ မာနေပြီး၊ တစ်နေ့အိတ် ၅၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ ပဲအရည်အသွေးပေါ်မူတည် ပြီး၊ အနိမ့် ဆုံး ၂၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၈၀၀၀ ကျပ်ထိ ဈေးမာနေ တာတွေ့ရပါတယ်။ ယခုတစ်ပတ်ထူးခြားတဲ့ဈေးကွက်ကတော့ ပဲကြီးဖြစ်ပြီး၊ နယ်ပစ္စည်းအဝင်မရှိသလို တရုတ်လက်နဲ့ ဒေသတွင်း အဝယ် ကောင်းပေမယ့် ပြီးခဲ့တဲ့အပတ်က တစ်တင်း ၃၄၀၀၀ ကျပ် ပေါက်ခဲ့ရာက ၂၂၅၀၀ ကျပ်ထိ ကျဈေးဖြစ်တာ တွေ့ရပါ တယ်။ ဒေသတွင်း လုပ်ငန်းသုံးနဲ့ ရန်ကုန်ဝယ်လက်အနည်း ငယ်ရှိတဲ့ စွန်တာနီကတော့ ယခုရက်ပတ်မှာတစ်တင်း ၁၃၅၀၀ ကျပ်နဲ့ငြိမ်နေပြီး၊ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဈေးကွက် ကဆိုပါတယ်။ ဈေးကွက်ဘယ်လိုပဲ ပြောင်းပြောင်း ဒေသခံ ကုန်သည်တွေအနေနဲ့ပဲသစ်ရာသီမှာ မိမိလုပ်ငန်း အပေါ် အာရုံ စိုက်ပြီး၊ ယခုတစ်ပတ်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင် - မုံရွာ