ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေး ကွက် အတွင်းကို ဖေဖော်ဝါရီ တတိယ ပတ်မှာ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ သစ် များ ဆက်တိုက်ဝင်ရောက်လာသလို ပဲကြီးအသစ်များလည်း ဝင်ရောက်လာ ပြီ ဖြစ်ပါတယ်။ ပန်းတောင်း၊ ဝက်ထီး ကန် မြို့နယ်များမှ မတ်ပဲသီးနှံသစ်များ တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကျော် အထိ ဝင်ရောက်သလို ရန်ကုန် ဝယ် လက်များမှလည်း ဝယ်ယူလျက်ရှိခဲ့တာ ကြောင့် ယခုတစ်ပတ်မတ်ပဲဈေးမှာ တစ်တင်း ၁၄၈၀၀ ကျပ်ထိ ဈေး မြင့် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲ ဈေးမှာ တစ်တင်း ၁၃၇၀၀ ကျပ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အတွက် ယခု တစ်ပတ် တစ်တင်း ၁၀၀၀ ကျပ်ခန့် မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။
ပဲတီစိမ်းသီးနှံကတော့ ဖေဖော်ဝါရီ လဆန်းမှစပြီး၊ ပဲအဝင်ပါးလာခဲ့ပြီး ဈေး ကလည်း တစ်တင်း ၂၂၅၀၀ ကျပ်ခန့်နဲ့ သာ ဈေးငြိမ်နေသလို အရောင်းအဝယ် လည်းအေးခဲ့တာကိုတွေ့ရပါတယ်။ပဲစင်း ငုံ သီးနှံအနေ နဲ့ ဖေဖော်ဝါရီ လလယ်ထိ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဆက် တိုက် အဝင်များခဲ့သလို ရန်ကုန်ဝယ် လက်ကလည်းအဝယ်လိုက်နေတဲ့အတွက် အိတ်၄၀၀ ကျော်အထိအရောင်းအဝယ် ဖြစ်ခဲ့ပေမယ့်ယခုတတိယပတ်မှာ ပဲစင်း ငုံအဝင်ပါးသွားသလို အရောင်း အဝယ် လည်း အေးခဲ့ပါတယ်။ ပဲစင်းငုံဈေးမှာ တစ်တင်း ၁၉၈၀၀ ကျပ်နဲ့ ယခင် အပတ်ကထက်ဈေးပို လာခဲ့တာကို တွေ့ ရပါတယ်။ ကုလားပဲအသစ်များ ပန်းတောင်း၊ ကံမဘက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး၊ အရောင်းအဝယ်ဖြစ်မှုမှာ ရန်ကုန် ဝယ် လက် အနည်းငယ်အဝယ်ရှိသလို ဒေသ တွင်းခွဲစက်သမားများလည်း အဝယ်ရှိ တာကြောင့်တစ်ရက်အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဖေဖော် ဝါရီလ ဒုတိယပတ်အထိ တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ရာမှ ယခု တတိယပတ်မှာ တစ်တင်း ၁၈၂၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးအသစ်များ ဖေဖော်ဝါရီ ဒုတိယပတ်မှ ဈေးကွက်ကို စတင်ဝင် ရောက်လာပြီး၊ ယခုတစ်ပတ်မှာလည်း တစ်ရက်အိတ် ၄၀၀ ကျော်၊ ပန်း တောင်း၊ ဥသျှစ်ပင်၊ ကံမမြို့နယ်များမှ ဝင်ရောက်လျက်ရှိပါတယ်။ ယခုနှစ် ပဲကြီး အသစ်အဖွင့်ဈေးမှာ ရွှေကျွန်း တစ်တင်း ၃၅၀၀၀ ကျပ်၊ ကမ်းနားတစ် တင်း ၃၄၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး၊ ယခု တစ်တပ်မှာ ပဲကြီးအဝင်များလာတဲ့ အတွက် ရွှေကျွန်းတစ်တင်း ၃၄၀၀၀ ကျပ်၊ ကမ်းနားတစ်တင်း ၃၃၀၀၀ ကျပ် နဲ့ အဖွင့်ဈေးထက်ဈေးလျော့ အရောင်း အဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ပဲပုပ်မှာ ဈေးကွက်ကို အဝင်ပါး လာပြီး၊ ပဲလက်ကျန်များသာ အရောင်း အဝယ်ဖြစ်တဲ့အတွက် တစ်ရက် ၁၄ အိတ် - ၁၅ အိတ် ခန့်သာအရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေ ခဲ့ပြီး ယခင်နှစ်က ဈေးမှာ တစ်တင်း ၁၅၀၀၀ ကျပ်သာရရှိခဲ့တဲ့အတွက် ယခု နှစ် ပဲပုပ်ဈေးမှာ ယခင်နှစ်ကထက် ဈေး အနည်း ငယ်ပိုခဲ့တယ်လု့ိ သိရပါတယ်။ခင်ဆွေဝင်း - ပြည်