Main menu

Background

အိန္ဒိယတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲအပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးကာ ပဲဈေးနှုန်းများမြင့်တက်

Mon, 02/25/2013 - 07:41 -- ydnar

အိန္ဒိယမှာ ပဲမျိုးစုံအဓိကစိုက်ပျိုးတဲ့ အန်ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွေ မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ကောက်ပဲသီးနှံများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အန်ဒ္ဒရာ ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ ဒေသများနဲ့ အိမ်နီးချင်းဒေသများမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှု နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မိုးကြီးမှုကြောင့် စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်းနဲ့ ပဲစိုက်ခင်းတွေ ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ဒေသအတွင်း စိုက်ပျိုးထားတဲ့ မတ်ပဲစိုက် ဧက၁ ဒသမ ၆၀ သိန်းအနက်ဧက ၆၀၀၀၀ ကျော်မှာ ပျက်စီးသွားခဲ့ပါတယ်။ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်မှာလည်း ဂျုံ၊ သကြားနဲ့ အခြားကောက်ပဲသီးနှံတွေ မိုးမိပြီး ပျက်စီးသွားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ် အများစုရဲ့ ပဲဈေးကွက်မှာ ပဲဈေးနှုန်းတွေမြင့်တက်ခဲ့တယ်။

မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်မှာ ကုလားပဲ၊ မတ်ပဲဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ပဲစင်းငုံမှာ သိသိသာသာမြင့် တက်ခဲ့ကြောင်း သိရှိရပါတယ်။နှင်းပန်းဖြူ