မြန်မာ့ဧည့်မထမျိုးစပါးများအား တရုတ်နိုင်ငံတွင် မျိုးပွားပြီး အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံမှဆန်များဟာ အရည်အသွေးကောင်းမွန်ပြီး အရသာနဲ့ပြည့်စုံတဲ့ဆန်များဖြစ်ပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး အရသာနဲ့ပြည့်စုံသောဆန်များရရှိရန် စပါးမျိုးကောင်းမျိုးသန့်များလိုအပ်မှာဖြစ် ပါတယ်။ လိုအပ်သောစပါး မျိုးကောင်းမျိုးသန့်ရရှိရန် မြန်မာနိုင်ငံသားတို့ ကျားကုတ်ကျားခဲနဲ့ မျိုးစုဆောင်းခဲ့ရပါ တယ်။ စုဆောင်းရရှိလာသော မျိုးစပါးဖြင့်မျိုးပွားခြင်းလုပ်ငန်းအားကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။ မျိုးပွား၍ရရှိလာေ သာ မျိုးကောင်းမျိုးသန့်စပါးကို ကြိတ်ခွဲခြင်းအားဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မြင့် တဲ့ မြန်မာ့ဆန် အဖြစ်ရရှိလာကာ ပြည်ပနိုင်ငံများသို့ ဈေးကွက် ထိုးဖောက်တင်ပို့ရောင်းချနိုင်တဲ့ အဆင့်သို့ရောက် ရှိခဲ့ရပါတယ်။ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံသားများအနေနဲ့ အခြားနိုင်ငံများမှ မျိုးစပါးများကို ရယူခဲ့ရပြီး ရက်ပေါင်း (၉၀) အတွင်းအချိန်တို စိုက်ပျိုးထွက်ရှိတဲ့ ဆန်အရည်အသွေးမြင့်မားတဲ့ စပါးမျိုးများကို မျိုးပွားရယူခဲ့ရ ပါတယ်။ စပါးမျိုးကောင်းတစ်ခုဖြစ်ပေါ်ရရှိလာခဲ့ဖို့ဆိုတာ အလွယ်တကူရရှိခဲ့တာ မဟုတ်ကြောင်း သိရှိစေရန်ဖြစ်ပါတယ်။

တရုတ်ဈေးကွက်မှာဈေးကောင်းရရှိနေတဲ့ မြန်မာနိုင်ငံမှဧည့်မထစပါးမျိုးများကို တရုတ်နိုင်ငံတွင် မျိုးပွားပြီး အဆင့်မြှင့် ရန်ရှိသဖြင့် ဧည့်မထစပါးမျိုးများအား တင်သွင်းရေးအတွက် ဆောင်ရွက်လုပ်ကိုင်လျက် ရှိကြောင်း သိရှိနိုင်ရန် သတင်း ပေးလိုက်ရပါတယ်။                       အောင်သူရ (လွယ်ဂျယ်)