အာရှဒေသတွင်း နိုင်ငံများအကြား ဆန်ဝယ်လိုအားထက် ရောင်းလိုအားက များနေ

ဖေဖော်ဝါရီလအတွင်း အာရှဆန်ဈေးနှုန်းများ ပြောင်း လဲမှုမရှိ တည်ငြိမ်နေတယ်။ဒေသတွင်းနိုင်ငံများအကြား ဆန် ဝယ်လိုအားထက်ရောင်းလိုအားများနေတယ်လို့သိရတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စပါးအထွက်တိုးရာ ၂၀၁၃ ခုနှစ် အတွင်း ပြည်ပမှ ဆန်တင်သွင်းဖွယ်မရှိကြောင်း သိရပါ တယ်။ ၂၀၁၂  ခုနှစ်က ဆန်တန်ချိန် ၃၅ သန်းဝန်းကျင်အထိ ထုတ် လုပ်နိုင်ကာ ရောင်းလိုအားများပြီး ပြည်တွင်းမှာ ဆန်စပါး ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ သိရတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကလည်း ယခုနှစ်မှာ ဆန်တင်ပို့မှုကို မြှင့်တင်သွားမယ်လို့ ရည်မှန်းထားတယ်။အဓိကမှာစံပယ် ဆန် မွှေးကို အီးယူဒေသနိုင်ငံတွေကို တင်ပို့မှုမြှင့်တင်သွားမယ်လို့ သိရတယ်။ ဗီယက်နမ်ကလည်း ဆန်တင်ပို့တဲ့ ကြမ်းခင်း ဈေးနှုန်းကို လျှော့ချသွားပြီး ဆန်အရည်အသွေးကိုမြှင့်တင် ကာဆန်တင်ပို့မှု တိုးတက်ရေး ကြိုးပမ်းလျက်ရှိတယ်။ ဗီယက် နမ် သာမက မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ကလည်း ဆန် တင်ပို့မှုကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြတယ်။ ၎င်းင်းနိုင်ငံများက လည်း အီးယူဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ စီစဉ်နေကြတယ်။ အီးယူက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (LDCs) တွေကို အထူး အခွင့်အရေးပေးတဲ့အနေနဲ့ အီးယူကို ဆန်တင်သွင်းမှုအပေါ် အကောက်အခွန်နှုန်းကို သုညရာခိုင်နှုန်းသာ ထားရှိထားပြီး အီးယူကို ဆန်တင်ပို့မှုမြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့ သိရ တယ်။                                                     ပပ