ပြည်တွင်းဆန်ဈေးကွက် အများစု ဈေးမာပြီး အရောင်းသွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထဆန်လတ်စတစ်အိတ် ၁၆၃၀၀ ကျပ်၊ ပေါ်ဆန်းဆန် လတ်စ တစ်အိတ် ၁၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းပြောင်းလဲမှုမရှိပါ။ ယခင်တစ်ပတ်က ဆန်ကြမ်းဈေးများ တက်ခဲ့သဖြင့် ပြည်ပတင်ပို့ရန် ဝယ်သူများ ဈေးမလိုက်နိုင်ဖြစ်ကာ ကုန်စည်ဒိုင်တွင် အကြမ်းဆန် ဈေးနှင့် အရောင်းအဝယ်မှာ အနည်း ငယ် အေးသွားကြောင်း၊ ဆန်ချောမှာမူ ပြည်တွင်းသုံး ဈေးကွက်ဖြစ် သဖြင့် အရောင်းအဝယ်နှင့် ဈေးနှုန်းပုံမှန်ရှိနေကြောင်း သိရှိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၆၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်း ဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး၊ ဆန်ဈေးအနည်းငယ် တက် လာပါတယ်။ လှောင်လက်သမားများ အဝယ်လိုက်လာတဲ့အတွက် ဖြစ် ကြောင်း သိရပါတယ်။ အရောင်းအဝယ် ပုံမှန်သာ ရှိနေကြောင်း လည်း သိရှိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၄၉၆ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၃၈၀၀ ကျပ်၊ ပေါ်ဆန်း ဆန် လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး အနည်းငယ် ကျလာပါတယ်။ တောင်သူများ ထံမှ အဝင်နည်းနေပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။ ဆန်ဈေး ငြိမ်နေပြီး အရောင်းအဝယ်သွက်နေ တယ်လို့ သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရဲ့  ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၃၆၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၃၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဧည့်မထစပါးဈေး အနည်းငယ်တက်လာပါ တယ်။ စပါးလက်ကျန်ရှိနေတဲ့ တောင်သူများကလည်း မိုးဦးကျ ကာလ ဖြစ်တဲ့ ဇွန်၊ ဇူလိုင်မှာ ထုတ်ရောင်း ဖို့ လှောင်ထားကြတယ်လို့ သိရပါတယ်။ ဆန်ဈေးများငြိမ်နေပြီး အရောင်းအဝယ်အနေနဲ့ မန္တလေးသို့ သင်္ဘောဖြင့် အတင်ရှိပြီး ရန်ကုန်သို့လည်း တစ်နေ့အိတ် ၂၀၀၀ ဝန်းကျင်ခန့် ပုံမှန်တင်ပို့လျက်ရှိပါတယ်။ စပါးအရောင်း အဝယ်အေးလာပြီး ဒေသဝမ်းစာအတွက် ဟင်္သာတခရိုင်တွင်း လုံ လောက်မှုရှိကြောင်း သိရှိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးတစ်တင်း ၃၃၅၀ ကျပ်၊ ဧည့်မထဆန်လတ်စ တစ်အိတ် ၁၄၀၀၀ ကျပ်၊ ပေါ်ဆန်း စပါးဈေးတစ်တင်း ၄၇၅၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၉၀၀၀ ကျပ်နဲ့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် စပါးဈေး၊ ဆန်ဈေးမှာ အနည်း ငယ်တက်လာပါတယ်။ ရှမ်းပြည်နယ်၊ တရုတ်၊ မူဆယ်၊ မြဝတီဘက်သို့ တင်ပို့သူများလာကြောင်း ကုန်သည်ပွဲစား များ စပါးဆန်သိုလှောင်နေ သည့် အချိန်ဖြစ်၍ ဆန်ဈေး၊ စပါးဈေးများမြင့်တင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဆန်မှာလည်း ပုံမှန်ထက် အရောင်းအဝယ်သွက်နေ တယ်လို့ သိရှိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ် ဖေ ဖော်ဝါရီလ ၂၂ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ(မနော်) စပါးဈေး တစ်တင်း ၅၅၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၂၀၀၀ ကျပ်၊ ပေါ်ဆန်းဘေးကြား စပါးဈေး တစ်တင်း ၇၀၀၀ ကျပ်၊ ဆန် လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်း ယှဉ်ရင် ဆန်ဈေး၊ စပါးဈေးအနည်းငယ်တက်လာပါတယ်။ မနော် စပါးက ပစ္စည်းမရှိသလောက်ရှားနေတယ်လို့ သိရပါတယ်။ မနော် စပါးက အစိုက်နည်းပြီး အစားများနေတာကြောင့် ဆန်ဈေး တက်ရခြင်း ဖြစ်ပါ တယ်။ ပေါ်ဆန်းဘေးကြား စပါးဈေးက အရောင်း အဝယ်သွက်နေပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေဆပ်ရမဲ့ အချိန်ရောက် နေလို့ ပေါ်ဆန်းစပါးကို ရောင်းပြီး ဆပ်နေရတာဖြစ်ကြောင်း သိရှိရပါတယ်။ MIRT - MAPT