၂၀၁၃ ခုနှစ်တွင် ဆန်ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေသဖြင့် ဗီယက်နမ် အနေဖြင့် ဆန်တင်ပို့မှု မြှင့်တင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိ
၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ တန်ချိန် ၄၀၀ယ ၀၀၀ ကျော် လွန်ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၁၈၃ သန်းရရှိခဲ့တယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) က ပြောကြားခဲ့ တယ်။ ဖေဖော်ဝါရီလမှာ တန်ချိန် ၄၀၀၀၀၀ ထပ်မံတင်ပို့နိုင်ဖွယ်ရှိပြီး မတ်လမှာ တန်ချိန် ၆၀၀၀၀၀ အထိ တင်ပို့ နိုင်မယ်လို့ VFA က ခန့်မှန်းထားတယ်။
၂၀၁၃ ခုနှစ်တစ်နှစ်လုံးအတွက် ဆန်တင်ပို့မှုကိုမူ တန်ချိန် ၇ ဒသမ ၅ မှ ၇ ဒသမ ၆ သန်းအထိ တင်ပို့နိုင် လိမ့်မယ်လိ့ု VFA က ခန့်မှန်းတယ်။ VFA အဆိုအရ ၂၀၁၃ ခုနှစ်မှာ ဆန်ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေ ရာ ဆန်တင်ပို့မှု မြင့်မားရေးအတွက် ခက်ခက်ခဲခဲကြိုးပမ်းရဖွယ်ရှိကြောင်း သိရတယ်။ ၂၀၁၂ ခုနှစ် အတွင်းကဗီယက်နမ် က ဆန်တန်ချိန် စုစုပေါင်း ၇ ဒသမ ၇၂ သန်းအထိ တင်ပို့ ခဲ့ရပြီး ကမ္ဘာ့ဒုတိယမြောက် ဆန်တင်ပို့မှုအများ ဆုံး နိုင်ငံဖြစ်လာခဲ့တယ်။ ၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ်ဆန်ဝယ်လိုအားအများဆုံး နိုင်ငံများမှာ အာရှနိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံက အများဆုံးဝယ်ယူတင်သွင်းခဲ့ကြောင်း၊ အာရှနိုင်ငံများသို့ တင်ပို့မှုမှာ စုစုပေါင်း တင်ပို့မှုရဲ့ ၈၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ခန့်မှန်းထားတယ်။ပပ
