ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ ပဲစင်းငုံ၊ ကနေဒါ Masoor ပဲတွေအဝယ် လိုက်ပြီး ဈေးမြင့်နေ ပြီး ပဲတီစိမ်းရွှေဝါနဲ့ တန်ဇန်းနီးယား ပဲတီစိမ်းကတော့ အဝယ် ထိုင်းဈေးကျနေပါ တယ်။ ရာဂျက်စသန်ပြည်နယ်ရှိ ဒေလီ၊ ဘီကနာ ဈေးကွက်တွေမှာ အဝယ်အေးလို့ ကုလားပဲဈေး ပုံမှန်သာ ဖြစ်ပါတယ်။ အတ္တရာပရာဒက်ရှ်ပြည်နယ်က ကန်ပါ ဈေးကွက်နှင့် ဂျိုက်ပါဈေးကွက်၊ ဒဟုတ်ဈေးကွက်တွေ မှာ ကုလားပဲ ၊ Masoor မတ်ပဲနဲ့ ပဲစင်းငုံတွေ ဝယ်အားကောင်း တာကြောင့် ဈေးမာနေသလို မဟာရာရှ်တရာပြည်နယ် မှာ လည်း ပဲစင်းငုံအဝင်နည်းလို့ ဈေးမာနေပါတယ်။
JNPT ဆိပ်ကမ်းမှာ မာလာဝီ ပဲစင်းငုံ ကွန်တိန်နာ ၁၁ လုံး၊ မိုဇမ်ဘစ်ပဲစင်းငုံ ၂၂ လုံး၊ မြန်မာပဲစင်းငုံ ၃၇ လုံး၊ မတ်ပဲ ၁၁ လုံး၊ ပဲတီစိမ်း ၃၅ လုံး၊ ပဲတီစိမ်းခွဲခြမ်း ၂ လုံး၊ ပဲစင်းငုံ အခြမ်း ၃ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံအခြမ်း ၇ လုံး၊ အီသီယိုးပီးယား rajma ၂ လုံး၊ တရုတ် rajma က ၆ လုံး၊ ဘရာဇီး brown bean ၅ လုံး၊ သြစတြေးလျ Masoor ၅ လုံး၊ ကနေဒါက ၉ လုံး၊ အာဂျင်တီးနား ပဲတီစိမ်း ၇လုံး ဝင် ရောက်ခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းမှာ မတ်ပဲကွန်တိန်နာ ၂၄၈ လုံး၊ ပဲစင်း ငုံ ၁၅ လုံး၊ ပဲတီစိမ်း ၃၅ လုံး၊Masoor ၄၂ လုံး၊ ပဲဝါလေး ၇ လုံး၊ကုလားပဲ ၃ လုံး၊ ပဲလုံးစိမ်း ၉ လုံး၊ ပဲလွန်းဖြူ ၁၄ လုံး ဝင်ရောက်လာခဲ့ပါတယ်။ မတ်ပဲ၊ ပဲစင်းငုံဈေးတွေ ထုတ်လုပ်တဲ့ ဒေသက အဝင်နည်းလို့ ဝယ်အားကောင်းပြီး ဈေးမာနေပါ တယ်။ ဇန်နဝါရီလအတွင်း ကုလားပဲတင်သွင်းမှုဟာ တန်ချိန် ၂ဒသမ၃၁ သိန်းရှိပြီး၊ ယခင်က ၁ဒသမ၈၃ သိန်းဖြစ်ကြောင်း သိရပါတယ်။ TNCSC က ပဲစင်းငုံခွဲခြမ်းတန် ၇၀၀၀၊ ပဲရာဇာ တန် ၁၀၀၀၀၊ မတ်ပဲ FAQ တန်ချိန် ၁၁၀၀၀ ဝယ်ဖို့တင်ဒါ ခေါ်ထားပြီး၊ ၂၂.၂.၂၀၁၃ နေ့မှာ နောက်ဆုံးထားတင်ပြ ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆောင်းပဲ စိုက်ပျိုးမှုမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းရှိနေပြီး၊ ယခင်နှစ်ကာလတူ စိုက်ဧရိယာ ၁၄၇ ဒသမ ၄၆ သိန်းထက် ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ကုလားပဲစိုက်ပျိုးမှုမှာလည်း ဟက်တာ၉၄ ဒသမ ၉၉ သိန်းရှိပြီး၊ ယခင်နှစ်ကာလတူ စိုက် ဧရိယာ ၈၉ ဒသမ ၉၅ သိန်းထက် တိုးလာကြောင်း၊ ပဲမျိုးစုံ အဝင်နည်းပြီး ဝယ်အားကောင်းလာလို့ ပဲဈေးများဆက် လက် ခိုင်မာဖွယ်ရှိကြောင်းသိရပါတယ်။ နှင်းဧကရီ (MAPT)