ကောင်းကောင်းသိုလှောင် မထားနိုင်သည့် ဆန်များကို ပြည်ပသို့ အမြန်ဆုံး တင်ပို့ရောင်းချနိုင်ရန် ဗီယက်နမ်ကြိုးပမ်း

ဗီယက်နမ်မှာ စပါးသစ်ပေါ်ချိန် ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဗီယက်နမ်နိုင်ငံပိုင် စားနပ်ရိက္ခာ အသင်း (VFA)က ပြည်တွင်းရှိ ဆန်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစပြီး မေလ ၂၀ ရက်နေ့အထိ ကာလအတွင်းဆန်တန်ချိန်(၁)သန်း ဝယ်ယူ သိုလှောင်ထားဖို့ ညွှန်ကြားထားတယ်။ ဒါကြောင့် ဗီယက်နမ်ကုမ္ပဏီတွေဟာ မဲခေါင်မြစ်ဝှမ်းဒေသမှ ထွက်ရှိတဲ့ ဆောင်း-နွေဦးစပါးမှ ထုတ်လုပ်တဲ့ ဆန်များကို တန်ချိန် တစ်သန်းအထိ ဝယ်ယူသိုလှောင် သွားကြမှာဖြစ်တယ်။ လက်ရှိ ဆောင်း-နွေဦးစပါးပေါ်ချိန် ဗီယက်နမ်ပြည်တွင်း စပါးဈေးကျဆင်းမှုမရှိစေဖို့နဲ့ ဈေးကွက်တည် ငြိမ်စေဖို့ ရည်ရွယ်ပြီး ၎င်းအစီအစဉ်ကို ဆောင်ရွက်ကြောင်း သိရတယ်။ ဆန်ဝယ်ယူဖို့အတွက် လိုအပ်တဲ့ငွေကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗီယက်နမ်ဘဏ်တို့က ထောက်ပံ့ပေးမယ်လို့ သိရ တယ်။  ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) ကလည်း  VFA ၊ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ မဲခေါင်ဒေသတွင်းရှိ  ပြည်နယ်ပြည်သူ့ကော်မတီ၊ မြူနီစ ပါယ် ပြည် သူ့ကော်မတီများနဲ့ ပူးပေါင်းပြီး ဆန်ဝယ်ယူမှု အခြေအနေများကို စစ်ဆေးရေးနဲ့ စီမံခန့်ခွဲမှု အစီအစဉ်များ ကို အဆင်ပြေစေရေး ဆောင်ရွက် သွားမှာဖြစ်တယ်။ (MARD) က နိုင်ငံတော်အရန်ဆန်အဖြစ်တန်ချိန် တစ်သိန်း သိုလှောင်ထားနိုင်ရေးကိုလည်း ဆောင် ရွက်လျက်ရှိတယ်။ မဲခေါင်မြစ်ဝှမ်းဒေသရှိ သတင်းများအရ အရည် အသွေးနိမ့်ဆန်တစ်မျိုးဖြစ်တဲ့ IR 50404  မဲခေါင်စပါးဟာ တစ်ကီလို ၄၂၀၀- ၄၄၀၀ ဒေါင်ဝန်းကျင် (တစ်တန်ကိုကန်ဒေါ်လာ ၂၀၇ဒေါ်လာဝန်းကျင်)ရှိပြီး၊ အရောင်းအဝယ် အနည်းငယ် သာ ရှိကြောင်း သိရတယ်။

အစိုးရက လယ်သမားတွေကို အကျိုးအမြတ်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းရစေလိုပေမဲ့ တကယ်တမ်းမှာ ၎င်း အခွင့်အရေးရဖို့မလွယ်ကူကြောင်း၊ လယ်သများအများစုအနေနဲ့ ၎င်းတို့ရဲ့ စပါးများကို ကုန်သည် တွေ ကို ရောင်းချပြီးစီးနေပြီ ဖြစ်ကြောင်း သိရတယ်။ ဗီယက်နမ်မှာ ဆန်သိုလှောင်မှုကောင်းစွာ မလုပ်နိုင်တဲ့အ တွက် ဈေးကောင်းရဖို့ ကြာရှည် မစောင့် နိုင်ဘဲ တတ်နိုင်သမျှ ပြည်ပ သို့ မြန်မြန်တင် ပို့ရောင်းချနိုင်ရေးကြိုး ပမ်းနေရကြောင်း သိရပါတယ်။                  ပပ