အိန္ဒိယအစိုးရက ဆန်အတွက် အနိမ့်ဆုံးထောက်ပံ့နှုန်းထား (MSP) အား ယခုနှစ်တွင် ထပ်မံတိုးမြှင့်ပေးဖွယ်ရှိ

အိန္ဒိယအစိုးရအနေဖြင့် ၂၀၁၂-၂၀၁၃ သီးနှံနှစ် (ဇွန်လမှ မေလ အထိ)အတွင်း မိုးစပါးတန်ချိန် ၉၀ ဒသမ ၇ သန်းနဲ့ ဆောင်း-နွေဦး စပါးတန်ချိန် ၁၁ ဒသမ ၁ သန်း၊ စုစုပေါင်း ဆန်တန်ချိန် ၁၀၁ ဒသမ ၈ သန်းဝန်းကျင် ထုတ်လုပ်နိုင်မယ် လို့ ခန့်မှန်းထားတယ်။ ၎င်းပမာဏက ၂၀၁၁-၂၀၁၂ ခုနှစ်က ထွက်ရှိတဲ့ ဆန်တန်ချိန် ၁၀၅ ဒသမ ၃ သန်းထက် အနည်းငယ် လျော့ကျသွားတယ်။

ဒါပေမဲ့ ၂၀၁၃-၂၀၁၄ သီးနှံနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ဆန်တန်ချိန် ၁၀၂ သန်း ဝန်းကျင်အထိ ထုတ်လုပ်နိုင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ထုတ်လုပ်မှုပမာဏထက် အနည်းငယ် ပိုမို လိမ့်မယ်လို့ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA)  ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။ ၂၀၁၃-၂၀၁၄ မှာ အိန္ဒိယဘာစမာတီဆန် တန်ချိန် ၈ သန်းခန့်အထိ ထွက်ရှိနိုင်ခြင်းက အိန္ဒိယဆန် အထွက်နှုန်းကို မြင့်မားစေလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမဲ့ ပုံမှန် မဟုတ်တဲ့မုတ်သုန်ရာသီ ကိုရင်ဆိုင်ရမယ် ဆိုပါကဆန်အထွက် နှုန်းကို ခန့်မှန်းထားတာထက် တန်ချိန် ၁၀-၁၂ သန်းဝန်းကျင် လျော့ကျစေနိုင်ကြောင်း (USDA) က ခန့်မှန်းထားတယ်။ ဒါ့အပြင် လာမယ့်နှစ်တွေမှာ အိန္ဒိယဆန်ထုတ်လုပ်မှု တိုးတက်ခြင်းက ကြီးထွားလာတဲ့ ဝယ်လိုအား ကို ပြည့်မီ အောင် ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ကြောင်း  USDA က သတိပေး ပြောကြားထားတယ်။ အဘယ်ကြောင့် ဆိုသော် အိန္ဒိယနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးစနစ်များ စဉ်ဆက် မပြတ်တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် မြေဆီလွှာညံ့ဖျင်းလာခြင်းနဲ့ အင်းဆက်ပိုးမွှားဒဏ်ခံစားရခြင်း တို့ဟာ ဆန်ထုတ်လုပ်မှုကို တိုးတက်သင့် သလောက် မတိုး တက်စေတဲ့ အတားအဆီးတွေဖြစ်လာတယ်လိ့ု (USDA)  က အစီရင်ခံထားတယ်။ ပြည်တွင်းစပါးအထွက်တိုးဖို့နဲ့ လယ်သမားများ အဆင် ပြေစေဖို့ အိန္ဒိယအစိုးရအနေနဲ့ ၂၀၁၂ ခုနှစ် အတွင်း ဆန် အတွက် အနိမ့်ဆုံးထောက်ပံ့နှုန်းထား (MSP) ကိုတစ်ကွမ် တယ်မှာ ၁၂၈၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၂၃၅ ဝန်းကျင်)အထိ တိုးမြှင့်ပေးခဲ့ပြီး ယခုနှစ်မှာလည်း ထပ်မံ တိုး မြှင့် ပေးဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။              ပပ