Main menu

Background

အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် မတ်ပဲဈေးငြိမ်ပြီး ပဲစင်းငုံနီဈေးမြင့်လာ၊ ပဲစိုက်ဧရိယာ ယခင်နှစ်ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်းပိုမိုစိုက်ပျိုးနိုင်

Wed, 03/06/2013 - 06:26 -- ydnar

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ ပဲစင်းငုံဈေးမြင့်လာပြီး မတ်ပဲဈေးငြိမ်နေပါတယ်။ ဒေလီ လက် ငင်းဈေးကွက်နဲ့ ဂျိုက်ပါဈေးကွက်တွေမှာ မတ်ပဲနဲ့ ကုလားပဲ ဝယ်အားကောင်းပြီး ဈေးမာနေပါတယ်။ ချန်နိုင်းေ ဈးကွက်နဲ့ ဂဒါဝါရ ဈေးကွက်တွေမှာ မတ်ပဲဈေးငြိမ်နေပြီး ကုလားပဲနဲ့ ပဲစင်းငုံနီကတော့ အဝင်များ ပြီး ဈေးကျနေ ပါတယ်။

JNPT  ဆိပ်ကမ်းမှာ မာလာဝီပဲစင်းငုံ ကွန်တိန်နာ ၁၀ လုံး၊ တန်ဇန်းနီးယားပဲစင်းငုံ ၁၀ လုံး၊မြန်မာပဲစင်းငုံ၂၀၆ လုံး၊ ခွဲခြမ်း ၄ လုံး၊ မတ်ပဲ ၂၈ လုံး၊ ပဲတီစိမ်း ၃၆ လုံး၊ ကင်ညာ ပဲတီစိမ်း ၇ လုံး၊ တရုတ်  Rajma China  ၂၇ လုံး၊ Rajma Red ၄ လုံး၊ အမေရိကန် ပဲလုံးစိမ်း ၁၈ လုံး၊ Massor  ၄၂ လုံး၊ ကနေဒါ Massor ၁၇ လုံး၊ သြစတြေးလျ ကုလားပဲ ၅ လုံး၊ ပဲလွန်းဖြူ ၁ လုံး၊ ဘရာဇီး Brown Beans  ၅ လုံး၊ အီသီယိုပီးယား Brown Beans ၂ လုံး၊ ပဲတီစိမ်း ၁၀ လုံး၊ ကုလားပဲဖြူလုံးကြီး ၅ လုံး၊ Rajma  ၄၉ လုံး၊ ပဲဖြူလုံး ၁၀ လုံး၊ ပါကစ္စတန် ပဲတီစိမ်းခွဲခြမ်း ၂ လုံး၊ Moth ၁၁ လုံး ဝင် ရောက်လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းကိုလည်း မတ်ပဲ ကွန်တိန်နာ ၂၄၈ လုံး၊ ပဲစင်းငုံ ၁၅ လုံး၊ ပဲတီစိမ်း ၃၅ လုံး၊ Massor ၄၂ လုံး၊ ပဲဝါလေး ၇ လုံး၊ ကုလားပဲ ၃ လုံး၊ ပဲတီစိမ်း ၉ လုံး၊ ပဲလွန်းဖြူ ၁၄ လုံး ဝင်ရောက်ခဲ့ပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ကြေငြာချက်အရ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဆောင်းပဲဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းစိုက်ပျိုးခဲ့ပြီး ယခင်နှစ်ကာလတူ ဟက်တာ ၁၄၇ ဒသမ ၄၆ ထက်ဟက်တာ ၃ ဒသမ ၃၆ သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကုလားပဲစိုက်ဧရိယာမှာလည်း ဟက်တာ ၉၄ ဒသမ ၉၉ ဟက်တာသိန်းအထိ ရှိနေပြီး ယခင် နှစ်စိုက်ဧရိယာ ဟက်တာ ၈၉ ဒသမ ၉၅ သိန်းထက် ပိုမို စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။MAPT