ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ပဲစင်းငုံနဲ့ အစေ့ ထုတ်ပြောင်းများ ဈေးမာလျက်ရှိပြီး၊ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။
ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပဲစင်းငုံ အဖြူလုံးကြီး တစ်ပိဿာ ၆၀၀ ကျပ်၊ အနီတစ်ပိဿာ ၇၅၀ ကျပ်သာ ဈေးရှိခဲ့ပေမယ့် ဖေဖော်ဝါရီလနောက် ဆုံးပတ်မှာတော့ ငုံဖြူတစ်ပိဿာ ၈၀၀ ကျပ် - ၈၅၀ ကျပ်၊ ငုံနီတစ်ပိဿာ ၉၀၀ ကျပ်အထိ ဈေးမာလျက်ရှိပြီး၊ နေ့စဉ် အိတ် ၁၀၀ မှ ၁၁၀ ဝန်းကျင်အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။ အလားတူပဲ အစေ့ထုတ်ပြောင်း တစ် ပိဿာကို ဖေဖော်ဝါရီလဆန်းမှာ ၃၄၀ ကျပ် - ၃၅၀ ကျပ်သာဈေးရှိခဲ့ပြီး၊ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာတော့ အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၆၀ ကျပ် - ၄၆၅ ကျပ်ထိ ဈေးမြင့်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးအဆွဲရှိတာကြောင့် တစ်ရက်ကို အိတ် ၅၀၀ မှ ၆၅၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းနဲ့ နနွင်း က လည်း ဖေဖော်ဝါရီ နောက်ဆုံး ပတ်က ပါကစ္စတန်နဲ့ ဒူဘိုင်းဝယ်လက် ရှိတာကြောင့် အောင်ပန်းဈေးကွက်မှာ ပိဿာချိန် ၅၀၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း အောင်ပန်း ကုန် စည်ဒိုင်ဈေးကွက်က သိရပါတယ်။မင်းအောင် - တောင်ကြီး