ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ချင်းအဝင်နည်းနေပါတယ်။ အဝင်နည်း နေသလို အရောင်းကလည်း ပါးနေတယ်လို့ သိရပါတယ်။ ပွဲရုံတွေမှာ ချင်းတွေများ နေပြီး အဝယ်ကတော့ သိပ်မရှိပါဘူး နထစသမအ လည်းရပ်သွားတာကြောင့် ပလပ်တိုက် တာလည်း ရပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလပ်တိုက်တယ် ဆိုတာ က ချင်းအခက်လှတွေကို မြေတွေစင်အောင်သန့်စင်ပြီး တင်ပို့တာ ကို ခေါ်ပါတယ်။ လောလောဆယ် အဲဒီအ လုပ်ကလည်း ရပ်နေတော့ အလုပ်သမားတွေကလည်း အလုပ်နားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေး က လက်ကျန် ချင်း(ဥမ)က ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါတယ်။ မျိုးစိုက်ပြီး ပယ်တဲ့ချင်း (ပယ်ချင်း)ကတော့ ၁၅၀ ကျပ် - ၂၀၀ ကျပ်၊ အခက်လှရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ ဈေးရှိပြီး အဲဒီအခက်လှမှာမှ မြေဖြူချင်းဆို ၃၀၀ ကျပ် - ၃၂၀ ကျပ်ဈေးရှိပါ တယ်။ နေပူလာတာကြောင့် ချင်းထိုးသမားတွေကလည်း အမှာရပ်နေကြလို့ နှစ်ပတ် မှ ပိဿာ ၉၀၀ - ၁၀၀၀ ခန့်သာတင်ပို့နေရတယ်လို့ သိရပါတယ်။
ချင်းခြောက်က တော့တောင်သူတွေနားကလှောင်လက်တွေဝယ်ယူနေတဲ့ ဈေးကွက်ပဲရှိနေပါတယ်။ တောင်သူတွေ ကတော့ ကြိုက်ဈေးမရခဲ့ရင် နေကလည်း ပူနေတော့ ချင်းတွေကို ပြန်ပြုတ်ပြီး ချင်းခြောက်သာလုပ်တော့မယ်လို့လည်း ဆိုကြပါတယ်။ ချင်းခြောက်က အကြာကြီးလည်းအထားခံတာကြောင့် အခု လောလောဆယ်မှာ ပယ်ချင်းနဲ့ မျိုးချင်း တွေကို ပြန်ပြီးပြုတ်နေကြပါတယ်။ ချင်းခြောက်ကတော့ ဈေးအမျိုးမျိုးရှိနေပြီး၊ တစ်ပိဿာကို ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေး ရှိတယ်လို့ အောင်ပန်းချင်းပွဲရုံတွေက သိရှိရပါတယ်။ဧဧခိုင် - တောင်ကြီး