Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီ ဈေးနှုန်းများ( 4-3-13)

Wed, 03/06/2013 - 06:55 -- ydnar

ပင်လယ်ရေကြောင်းမှ စက်သုံးဆီ တန်ချိန် ၆၇၀၀ ဝင်ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၅၀၀၊ ဒီဇယ် တန်ချိန် ၅၀၀၊ စုစုပေါင်းတန်ချိန် ၁၀၀၀ ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း တင်သွင်းမှုများမှာ ဒီတစ်ပတ်တင် သွင်းမှုက အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ရက် အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် မော်လမြိုင်၊ တောင် ကြီး၊ မန္တလေး၊ ရန်ကုန်တွင် ဈေးငြိမ်နေပြီး လက်လီရောင်းချသော ဆိုင်များတွင်မူ ရန်ကုန်တွင် ဒီဇယ်ဈေးငြိမ်နေသော်လည်း ဓာတ်ဆီဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြည်တွင်းစက်သုံးဆီ အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ စက်သုံးဆီဆိုင်များတွင် ဈေးငြိမ် နေသ လို ပြင်ပလက်လီဆိုင်များတွင် လည်း ဒီဇယ်ဈေးငြိမ်နေပြီး ဓာတ်ဆီမှာ ဈေး အနည်းငယ်ကျလာတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ကျပ် ၄၁၀၀ဖြစ်ပြီး ရောင်းဈေး ၄၃၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၆၀၀ ကျပ်ဝယ်ပြီး ၃၉၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၃၈၀၀ ၊ ဒီဇယ်တစ်ဂါလန် ကျပ် ၃၉၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဓာတ်ဆီဈေးကျလာပြီး ဒီဇယ်ဈေးက  ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်  ရောင်းဈေး ၄၀၀၀ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၇၀၀ ကျပ်၊ ရောင်းဈေး ကျပ် ၃၉၀၀ ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမားတစ်ဦး မှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ အောက်တိန်း ဈေးငြိမ်နေပေမဲ့ ဒီဇယ်က တစ်ရာ့ငါးဆယ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၅၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓါတ်ဆီ တစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီရောင်းဝယ်မှုမှာလည်း ဈေးတွေက ငြိမ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ကျပ် ၄၀၀၀ ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၄၂၀၀၊ ဒီဇယ် ကျပ် ၃၇၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT   ထိုင်းနယ်စပ်မှ စက်သုံးဆီ ဂါလန် ၃ သိန်းကျော် ဝင်ရောက်မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ စက်သုံးဆီ ၃၁၂၈၉၄ ဂါလန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ ဓာတ်ဆီ ၁၀၈၈ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၀၄၈၃၃ ဂါလန်တင်သွင်းခဲ့ပြီး မြိတ်နယ်စပ်မှ ဓာတ်ဆီ ၇၈၈၄၈ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၁၈၁၂၅ ဂါလန် အသီးသီး တင်သွင်းနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ နယ်စပ်စခန်းများမှ ဓာတ်ဆီ ဂါလန် ၂၀၀၀၀၀ ကျော်နဲ့ ဒီဇယ်ဆီ ဂါလန် ၈၀၀၀၀၀ ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ တင်သွင်းလျက်ရှိတဲ့ ဓာတ်ဆီကိုတော့ တာချီလိတ်မြို့ တွင်းရှိ ဓာတ်ဆီလက်ကားဆိုင်ကြီးများမှတစ်ဆင့် ကျိုင်းတုံ၊ တောင် ကြီးမြို့ရှိ လက်ခွဲဆိုင်များအထိပါ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဒီဇယ်ဆီကိုတော့ သတ္တုတွင်း လုပ်ငန်းများတွင် အသုံးပြုတဲ့ ယာဉ်ယန္တရားများတွင်သုံးရန် အဓိကထား တင်သွင်း လျက်ရှိတယ်လို့ သိရပါတယ်။ နယ်စပ်ဒေသ ပေါက်ဈေးတွေကတော့ မြိတ်နယ်စပ်မှာ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ ဒီဇယ်ဆီ ၃၃၀၀ ကျပ်၊ မူဆယ်နယ်စပ်မှာ ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ်ဆီ ၃၉၀၀ ကျပ်၊ ရိဒ်နယ်စပ်မှာ ၆၀၀၀ ကျပ်၊ ဒီဇယ်ဆီ ၅၀၀၀ ကျပ်၊ ကော့သောင်း နယ်စပ်မှာ ဓာတ်ဆီ ၄၅၀၀ ကျပ်၊ ဒီဇယ်ဆီ ၄၀၅၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်မိုးသူ MIRT (DOBT)