Main menu

Background

ငွေလဲနှုန်းများ အနည်းငယ် မြင့်တက်လာ

Wed, 03/06/2013 - 07:15 -- ydnar

ယခုတစ်ပတ်တွင် ငွေလဲနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရ သည်။ ဗဟိုဘဏ်၏ရည်ညွှန်းငွေ လဲနှုန်း မြင့်တက်လာမှုကြောင့် ပုဂ္ဂလိကငွေလဲစင် တာများတွင် ငွေလဲနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သိမ်ဖြူငွေလဲစင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး  ၈၆၆ ကျပ်၊ ဝယ်ဈေး ၈၆၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ဘဏ်ငွေလဲစင်တာများတွင်မူ ဘဏ်တစ်ခုနှင့်တစ်ခု ငွေလဲနှုန်းများ ကွာဟလျက်ရှိကြောင်း သိရသည်။သမဝါယမဘဏ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ရောင်းဈေး ၈၆၆ ကျပ်၊ ဝယ်ဈေး ၈၆၀ ရှိခဲ့ပြီး ဧရာဝတီ ဘဏ်တွင် ရောင်းဈေး ၈၆၇ကျပ်၊ ဝယ်ဈေး ၈၆၀ ကျပ်၊ အေဂျီဒီဘဏ်တွင် ရောင်းဈေး ၈၆၅ကျပ် ဝယ်ဈေး ၈၅၈ ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြောင်း သိရသည်။ သို့သော် မတ် ၁ ရက် နံနက်ပိုင်းတွင် အေဂျီဒီဘဏ်၌ ရောင်းဈေး ၈၆၅ ကျပ်၊ ဝယ်ဈေး ၈၅၈ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ညနေပိုင်းတွင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၂ ကျပ်ဖြင့် ဈေးမြှင့်၍ ဝယ်ယူခဲ့ကြောင်း သိရသည်။"ကျွန်တော်တို့ဘဏ်က နံနက်ပိုင်းမှာ တခြားဘဏ်တွေထက် ရောင်းဈေးရော ဝယ်ဈေးပါ ဈေးနိမ့်နေတော့ ဒီမှာ လာဝယ်/ရောင်း လုပ်နေတဲ့သူတွေ များနေ တယ်။ ဒါကြောင့် ညနေပိုင်းမှာ ဈေးကို ပြန်လည်ပြင်ဆင်သတ်မှတ်လိုက် တာပါ" ဟု အေဂျီဒီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းပေါ်တွင် အခြေခံ၍ သတ်မှတ်ရသဖြင့် ဗဟို ဘဏ်ဈေးနှုန်းမြင့်တက် ပါက ငွေလဲစင်တာများ၏ ငွေလဲနှုန်းများ မြင့်တက်လာနိုင် ကြောင်း၊ ဗဟိုဘဏ်ငွေလဲနှုန်း မြင့်တက်လာရခြင်းမှာ အမေရိကန်နိုင်ငံတွင် စတော့ ရှယ်ယာများကို အများအပြား ဝယ်ယူနေကြခြင်းနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ဆိုသည်။   မယ်သီတာ