ဘိလပ်မြေအဝင် ပုံမှန်ရှိခဲ့သီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း ဘိလပ်မြေ ၂၁၆၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ရှစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံ မှ ဘိလပ်မြေတန်ချိန် ၈၂၀၀၊ ထိုင်းနိုင်ငံမှ ၁၃၄၀၀ တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ဖေဖော်ဝါရီလအတွင်းမှာ ပျမ်းမျှတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် နှစ်သောင်း ကျော် အဝင်ရှိခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေက ပုံမှန် အဝင်ရှိခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ကော့သောင်းနယ်စပ်မှ ဘိလပ်မြေများ တန်ချိန် ၂၀၀၀ ကျော်ဝင်ရောက်မှုရှိ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၀၀၀ ကျော်တင်သွင်းခဲ့ပါတယ်။ ကော့ သောင်းဒေသတွင် အဆောက်အအုံများ ဆောက်လုပ်ရန်နဲ့ ထားဝယ်ရေနက်ဆိပ် ကမ်း တည်ဆောက်ရေးလုပ်ငန်းအတွက်လည်း အမှာရှိနေတာဖြစ်ပြီး ရန်ကုန်မြို့သို့ လည်း တစ်ဆင့်တင်ပို့ရောင်းချလျက်ရှိကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရှိရ ပါတယ်။ တင်သွင်းသော အမျိုးအစားမှာ ဆင်တံဆိပ်အမျိုးအစားဖြစ်ပြီး ဒေသ ပေါက်ဈေးမှာ တစ်အိတ်လျှင် ထိုင်းဘတ်ငွေ ၁၆၀ ဘတ်ဖြစ်ပြီး မြန်မာကျပ်ငွေအား ဖြင့် ကျပ် ၄၈၀၀ ဈေးဝန်းကျင်ခန့်ရှိကြောင်း သိရပါတယ်။ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၀၉၂၈ တန်ကျော် တင် သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၉၅၁ တန်၊ လွယ်ဂျယ်မှ ၅၂၅ တန်၊ ကန်ပိုက်တီးမှ ၂၂၃၆ တန်၊ ကော့သောင်းမှ ၂၂၇၄ တန်ကျော်၊ တာချီလိတ်မှ ၂၅၆၈ တန်နဲ့ မြိတ်မှ ၁၃၇၄ တန်ကျော် အသီးသီးဖြစ် ပါတယ်။ ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေတန်ချိန်ပေါင်း ၂၉၁၆၀ တန်တင်သွင်း ခဲ့ပြီး အနီးစပ်ဆုံးလ နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုပါက ၃၉၅၈ တန်ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ကြောင်း တွေ့ရ ပါတယ်။ ဆွေဆွေဝင်းMIRT (DOBT)
အရောင်းအဝယ်သွက်လာတဲ့ ဘိလပ်မြေဈေး ယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် နှစ် သောင်းတစ်ထောင်ကျော်နဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေ တန်ချိန် တစ်သောင်း ကျော်ဝင်လာခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး မှာ အရောင်းသွက်တယ်လို့ သိရပါတယ်။ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်ရောင်းအား တက်ပြီး ဈေးမြင့် တယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲပစ္စည်းအဝင် နည်းနေတာကြောင့်နဲ့ သြင်္ကန်နား နီးလာလို့ ဈေးမြင့်တတ်တယ်လို့ ဆိုပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ၊ လမ်းတံတားတိုးချဲ့မှု စီမံကိန်းတွေကြောင့် အရောင်းအဝယ်ကောင်း တယ်။ ဒီတစ် ပတ် ဈေးကွက်ထဲ ဘိလပ်မြေက ကိုးရာ၊ တစ်ထောင် ဝန်းကျင်ဈေးမြင့်လာပါတယ်။ ဘုရင့်နောင်ဈေးကွက်ထဲ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်တဲ့ဈေးက ဆင်ဘိလပ်မြေ ၅၇၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၄၀၀ ကျပ်၊ မောင်းတိန်းဘိလပ်မြေ ၅၁၀၀ ကျပ်၊ ကျောက်ဆူး ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ဆင်ဘိလပ်မြေက ဈေးအနည်းငယ်မြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက် ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၈၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ် တယ်လို့ ၆၂ လမ်း၊၂၉-၃၀ကြားမှာရှိတဲ့ ဘိလပ် မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ စိန်ဘိလပ်မြေ၊ ခြသေ့ၤဘိလပ်မြေနဲ့ ကျား ခေါင်းဘိလပ်မြေက ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်ဘိ လပ်မြေက ဈေးမြင့်ပြီး ကျန်ဘိလပ်မြေများက ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်ဘိလပ်မြေ ၆၇၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေ ၄၆၀၀ ကျပ်၊ နဂါး ဘိလပ်မြေ ၅၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ တောင်ကြီး မြို့မဈေး အနောက်ဘက်၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိ ရှိခဲ့ပါတယ်။ MIRT (DOT)
