Main menu

Background

အတက်ပြပြီးမှ ပြန်လည်ကျဆင်းသွားတဲ့ မြန်မာ့ရွှေဈေး

Wed, 03/06/2013 - 07:16 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ဟာ  အတက်အကျ  ကြမ်းလျက်ရှိ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် လည်း ယခုတစ်ပတ်အတွင်း အတက် ပြပြီးမှ ပြန်လည်ကျဆင်းသွားခဲ့ရာ ရွှေ ဝယ်ရောင်းသမားများ  အခက်ကြုံခဲ့ရ ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော် ပြီးဆုံးပါ က ရွှေဈေး ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ရကြောင်း ရွှေကုန် သည်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။"ဒီတစ်ပတ်မှာတော့  ရွှေဈေး ပြန် တက်လာနိုင်တယ်လို့ မှန်းထားတာ။ ဒါ ပေမယ့် ကမ္ဘာ့ရွှေဈေးက ရုတ်ချည်းကျ သွားတာ။ အဲဒါနဲ့  မြန်မာ့ရွှေဈေးက လည်း လိုက်ပြီးကျသွားတာပါ။ ဒါ တောင် ငွေလဲနှုန်းက တက်လာလို့ ခု သာ ခံသာ ရှိသေးတယ်၊ ကမ္ဘာ့ရွှေဈေး အခုလိုကျရတဲ့အကြောင်းက အမေရိ ကန်ရဲ့ စတော့ဈေးကွက်တွေ ခိုင်မာလာ တယ်ဆိုတဲ့ အချက်ကြောင့်ပဲ၊ အဲဒီမှာ ဈေးကွက်အရ  ရွှေကို အဝယ်ရပ်ပြီး စတော့ဘက်ကို လှည့်လာတော့  ရွှေ ဈေးက ကျသွားရတာပါပဲ။ မြန်မာ့ရွှေ ဈေးတက်ဖို့အတွက်ကတော့ တရုတ် နယ်စပ်က ဈေးကွက်ကိုပဲ  အားထားရ တော့မယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက် သတ္တပတ်အတွင်းက အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၇၃၇၅၀၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း ဈေးပြန်ဖွင့်သည့် အခါတွင် ကျပ် ၇၃၉၅၀၀ ဖြင့် ဈေးမြှင့် ၍ ဖွင့်ခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက် တွင် ကျပ် ၇၄၂၀၀၀ သို့ ဈေးမြင့်တက် လာခဲ့ပြီး  နောက်တစ်နေ့တွင်လည်း ဆက်လက်မြင့်တက်ခဲ့မှုကြောင့် မြန်မာ့ ရွှေဈေးကွက်တွင် လှုပ်လှုပ်ရှားရှားဖြစ် လာခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၇၄၁၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့ သည့်အတွက် ရွှေဈေးကွက်တွင် ရိုက် ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ မတ် ၁ရက် တွင် မြန်မာ့ရွှေဈေးသည် နေ့လယ်ပိုင်း တွင် ကျပ် ၇၃၆၅၀၀ အထိကျဆင်းခဲ့ပြီး နောက် ညနေပိုင်းတွင် ကျပ် ၇၃၇၈၀၀ သို့ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  ဖေဖော် ဝါရီ ၂၅ ရက်တွင် တစ်အောင်စလျှင် ၁၅၉၂ ဒေါ်လာရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ၁၆၁၀ ဒေါ်လာသို့ မြင့်တက် ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၉၈ဒေါ်လာ၊ မတ် ၁ရက်တွင် ၁၅၇၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။မယ်သီတာ