နို့ဆီနဲ့ နို့မှုန့်သာ အဝင်ရှိဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နို့ဆီနဲ့ နို့မှုန့်သာ အဝင်ရှိခဲ့ပါတယ်။ ဝင်လာခဲ့တဲ့နို့ဆီက စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ်မှာ တန်ချိန် သုံးရာကျော်အဝင်ရှိခဲ့လို့ ဒီတစ်ပတ် မှာ နို့ဆီတန်ချိန် တစ်ရာ့နှစ်ဆယ်နီးပါး အဝင်လျော့ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ် ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင် ပျောက်ခဲ့ပါတယ်။
နို့မှုန့်မှာ နယူးဇီလန်မှ ၅၆ တန်၊ စင်ကာပူနိုင်ငံမှ ၆၂ ဒသမ ၉၆ တန် အဝင်ရှိခဲ့တယ်လို့သိရပါတယ်။ ဒီတစ် ပတ်ဝင်လာတဲ့ နို့မှုန့်က ကန်ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိတဲ့ နို့မှုန့် ၁၁၈ ဒသမ ၉၇ တန်ဖြစ်ပါတယ်။ ယခင်တစ် ပတ်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် တန်ချိန် တစ်ရာနီးပါးအဝင်ပိုခဲ့ပါတယ်။MIRT (DOT)နို့ဆီလက်လီဈေးနို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေး တွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် -တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၇၈၀ ၇၅၀ ဒွန်း (နို့စိမ်း) ၆၇၀ ၆၂၅ ဝမ်းတီးနို့ဆီ ၆၆၀ ၆၆၀ အိုကေ(နို့ဆီ) ၆၅၀ ၆၁၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၀၀ MIRT (DOT)
