မလေးရှား စားအုန်းဆီ ဈေး သည်ပို့ကုန်ကိန်းဂဏန်းများ ကျဆင်း တဲ့အတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ က ရက်သတ္တပတ် ခြောက်ပတ် အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး၊ ဈေးနှုန်းများမှာ ခုနှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ နောက် ထပ် အရောင်းအဝယ် ကိစ္စများ အတွက် ရင်းနှီးမြှုပ်နှံသူတို့က အိန္ဒိယ လွှတ်တော်မှ ရလဒ်များကို သတိ ထား စောင့်မျှော်နေကြပါတယ်။
မလေးရှား စားအုန်းဆီ ထွက် ကုန်များသည် ဇန်နဝါရီလအတွင်းက ၁ ဒသမ ၄၆ သန်းရှိခဲ့ရာမှ ယခုနှစ် မှာ ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း ကာ တန် ၁ ဒသမ ၃၃ သန်းရှိခဲ့ ကြောင်း ကုန်စည်စစ်တမ်းကောက် ယူသူ Testing Service က ပြော ပါတယ်။ ကမ္ဘာမှာ ဟင်းရွက်ဆီ အများ ဆုံး ဝယ်ယူသော အိန္ဒိယနိုင်ငံက သွင်းကုန်ခွန် တိုးမြှင့်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းပိုင်းမှာ ပါဝင် လှုပ် ရှားသူတို့က စိုးရိမ်ပူပန်လျက်ရှိပါ တယ်။ ထိုအခြေအနေက စားအုန်း ဆီ ဝယ်လိုအားကို ကျဆင်းစေခဲ့ပါ တယ်။ " တောင်အမေရိကမှာ မကြာမီ က ဖြစ်ခဲ့တဲ့ ရာသီဥတု အခြေအနေ တွေကြောင့် ဈေးကွက်မှာ အကျ ဘက်ရောက်မယ့် လက္ခဏာတွေ ရှိ နေပါတယ်။ ပို့ကုန်ကိန်းဂဏန်းတွေ ကလည်း မျှော်လင့်ထားသလိုဖြစ် မလာပါဘူး "လို့ စင်ကာပူအခြေ စိုက်ကုမ္ပဏီတစ်ခုမှ ကုန်သည်တစ်ဦး က ပြောပါတယ်။ UNT