Main menu

Background

ကမ္ဘာ့ဆီထွက်သီးနှံ အထွက်နှုန်း မြင့်တက်ပြီး၊ စားအုန်းဆီဈေး ရက်သတ္တပတ် လေးပတ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိ

Wed, 03/06/2013 - 07:27 -- ydnar

စိုက်ဧရိယာတိုးတက်လာမှုကြောင့် စားအုန်းဆီနှင့် ပဲပုပ်ကမ္ဘာ့ထုတ်လုပ်မှု တိုးတက်တဲ့အတွက် စားအုန်းဆီဈေးနှုန်းဟာ ရက်သတ္တပတ်လေးပတ်အတွင်း အနိမ့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။

မေလအတွက် ကြိုပွိုင့်စာချုပ်ဈေးနှုန်းမှာ သုည ဒသမ ၉ ရာခိုင်နှုန်း ကျ ဆင်းပြီး၊ မလေးရှား စာချုပ်စာတမ်း ရောင်းဝယ်ရေးဒိုင်မှာ မက်ထရစ်တစ်တန်ကို ၂၄၄၈ ရင်းဂစ်(၇၈၉ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ ယခုေ ဈးနှုန်းမှာဇန်နဝါရီ ၂၉ ရက် နောက်ပိုင်းအနိမ့်ဆုံးဈေးနှုန်း ဖြစ်ခဲ့ပါတယ်။ သို့သော် မနက်ပိုင်းဈေးကွက်မှာ မက် ထရစ်တစ်တန်ကို ၂၄၅၁ ရင်းဂစ်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ကြိုပွိုင့်ဈေးဟာ ပÍ္စမြောက်နေ့အဖြစ် ကျဆင်းခြင်းဖြစ်ပါတယ်။ အာရှမှာ ထုတ်လုပ်သူတို့က စိုက်ဧကတိုးချဲ့မှုနဲ့ ကမ္ဘာ့ စားသုံးဆီသီးနှံရောင်း အားမြင့်တက်မှုကြောင့် ယခုနှစ်မှာ စားအုန်းဆီဈေး ကျဆင်းဖွယ်ရှိကြောင်း Godrej  International  ကုမ္ပဏီမှ ဒိုရပ်မက်စထရီက ပြောပါတယ်။ စိုက်ဧရိယာတိုးချဲ့မှု ကြောင့်အထွက်ကိုလည်း တိုးတက်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလက မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဈေးတွေအနက် စံချိန်တင်လုနီးပါး တည်ရှိခဲ့ကြောင်း၊ စားအုန်းဆီ ဘုတ်အဖွဲ့ကကြေညာပါတယ်။ထုတ်လုပ်မှု ၁၀ ရာ ခိုင်နှုန်း ကျဆင်းသော်လည်း သိုလှောင်ထားရှိမှု ပမာဏမှာ ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းမြင့်တက်နေပါတယ်။ ကမ္ဘာ့ပဲပုပ်သစ် ထုတ်လုပ်မှုမှာ ၂၀၁၃ ခုနှစ်မှာ တန် ၂၇၈ သန်းထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်း၊ စားအုန်းဆီ သီးနှံရောင်းဝယ်သူ အာဂွန်ဘရောင်းက ပြောပါတယ်။ ပဲပုပ်ဆီရဲ့ မေကြိုပွိုင့်ဈေးဟာ သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ ချီကာကို ဈေးကွက်မှာ တစ်ပေါင်ကို ၄၉ ဒသမ ၉၈ ဆင့်ရှိခဲ့ပါတယ်။ အကောင်းစား စား အုန်းဆီဈေးမှာ တစ်ပေါင်ကို ၃၁၂ ဒသမ ၃၅ ဒေါ်လာနှုန်းရှိပါတယ်။ ယခုဆီ နှစ်မျိုးစလုံးမှာ အသုံးများသောဆီများဖြစ်ကြောင်း bloomberg.com  မှာ ဖော်ပြ ထားပါတယ်။UNT