Main menu

Background

မန်းနှမ်းမျိုးစုံအဝင်နဲ့ ဆီထွက်သီးနှံဈေးကွက်

Wed, 03/06/2013 - 07:26 -- ydnar

မန်းနှမ်းရောင်စုံဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ နယ်စုံမှ နှမ်း မျိုးစုံ ယခင်ထက် သိသိသာသာ အဝင်နည်းနေပါတယ်။ တစ်ပတ်အတွင်း ပြည်၊ အောင်လံ၊ မကွေး၊ ရွှေဘို၊ ဝက်လက်နဲ့ တိုင်းတွင်းမြို့နယ် များမှ နှမ်းမျိုးစုံ ၃ တင်းအိတ် ၈၀၀-၁၀၀၀ ကြားသာ အဝင်ရှိကာ နှမ်းညိုအနေနဲ့ အဝင်တော်တော် နည်းတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ ရောင်းလိုအားနည်းပြီး၊ ဝယ်လိုအား များနေပါတယ်။ တရုတ်လိုင်းက ဖြူ၊ နီ၊ ညို၊ နက် ဆွဲအားကောင်းနေပြီး၊ ရန်ကုန် လက်အချို့ အဝယ်လိုက်နေပါတယ်။ ဆီစက်သမား များမှလည်း နှမ်းညို အဝင်နည်း တာကြောင့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ မုံညင်းတွေ အဝယ်လိုက်နေပါတယ်။ လိုင်း သမားများအနေနဲ့ ၃ တင်းအိတ် ၁၀၀-၁၅၀ လောက်ဝယ်ယူရဖို့ ကောက်သင်း ကောက်သလို ဝယ်ယူနေရတာကြောင့် ကားတစ်စီးစာရဖို့ အချိန်ယူပြီး  စုနေရပါ တယ်။ ရောင်းလိုအားများမယ်ဆိုရင် ဝယ်လိုအားကောင်းနေလို့ နှမ်းဈေးဟာ ဒီထက် အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နိုင်တယ်။ ဝယ်လက်ရှိပေမယ့် ပစ္စည်းအဝင်နည်း လို့ နှမ်းဈေးငြိမ်ပြီး၊ တန့်နေနိုင်တယ် လို့ နှမ်းကုန်သည် များမှ ဆိုပါတယ်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မန်းနှမ်းမျိုးစုံဈေးကွက်မှာ ၃ တင်းတစ်အိတ် နှမ်းဖြူ ၁၃၀၀၀၀ ကျပ် - ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် ၁၂၀၀၀၀ ကျပ် - ၁၁၅၀၀၀ ကျပ်၊ နှမ်းညို ၁၀၀၀၀၀ ကျပ် - ၉၈၀၀၀ ကျပ်၊ နှမ်းကြား ၉၈၀၀၀ ကျပ် - ၉၅၀၀၀ ကျပ်နဲ့ ပစ္စည်း အရည်အသွေးလိုက် ဈေးနှုန်းအနိမ့်အမြင့်နဲ့ အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ အခြားဆီထွက်သီးနှံများရဲ့ တစ်ပိဿာ ဈေးနှုန်းများကတော့ နေကြာ ၁၀၀၀ ကျပ်၊ ပန်းနှမ်း ၁၁၄၄ ကျပ်၊ မြေပဲ ၁၉၅၀ ကျပ် - ၁၉၇၀ ကျပ်၊ မုံညင်း ၁၁၅၀ ကျပ်နဲ့ ဆီစက်သမားများအဝယ်ရှိနေပါတယ်။ မန်းမူဆယ်ကို ဇန်နဝါရီလမှာ ကားစီးရေ ၄၀၀ ကျော်နဲ့ နှမ်းမျိုးစုံ တန် ၉၅၀၀ ကျော် စီးထွက်ခဲ့ကြောင်း ၁၆ မိုင်ဂိတ်ဖြတ် စာရင်းအရ သိရပြီး၊ ဖေဖော်ဝါရီလမှာ တော့ တရုတ်နှစ်ကူးလည်းရှိလို့ စီးထွက်မှုနည်းမယ်လို့ ခန့်မှန်းရပါတယ်။ မန်း-မူဆယ်ကားသယ်ခမှာ တစ်ပိဿာ ၇၀ ကျပ် - ၇၃ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။နိုင်ထွန်း - မန္တလေး