Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Tue, 03/12/2013 - 04:08 -- ydnar

အမေရိကန်စတော့ဈေးကွက် များ နေ့ချင်း မြင့်တက်လာတဲ့ အတွက် အာရှရှယ်ယာတွေမတ်လ ၈ ရက်က ကျဆင်းခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်အလုပ်အကိုင်နဲ့ တရုတ် ကုန်သွယ်ရေးကိန်းဂဏန်းတွေ မထွက် သေးတဲ့အတွက် ဈေးနှုန်းအတက်ကို နည်းနည်းထိန်းထားနိုင်ပါတယ်။ဒေါ်လာ တန်ဖိုးက ယန်းငွေ နဲ့ဖလှယ်ရာမှာ သုံး နှစ်ခွဲ နီးပါးကာလအတွင်း အမြင့်ဆုံး နှုန်းအနီးမှာ ဝဲလည်နေပါတယ်။

 
အမေရိကန်ပြည်ထောင်စုရဲ့ စီးပွား ရေးကိန်းဂဏန်းအချို့မှာ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားမှန်မှန်တိုးတက် နေပြီကိုပြသနေတဲ့အတွက် အစိုးရက ထုတ်ပြန်ဦးမဲ့လယ်ယာလုပ်ငန်းတွေမှ အပဖြစ်သော အလုပ်အကိုင် အခြေ အနေများတိုးတက်မှုရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကြောင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွေက မတ် ၇ ရက်မှာ မြင့် တက်လာတာ တွေ့ရပါတယ်။ မတ် ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အလုပ်လက်မဲ့ခံစားစရိတ်လျှောက်ထား မဲ့ အမေရိကန်အရေအတွက်မမျှော်လင့် ဘဲကျဆင်းမဲ့လက္ခဏာ ကိုပြ သနေပါတယ်။
တရုတ်ယွမ် တရုတ်နိုင်ငံရဲ့ ပို့ကုန်များကမျှော် လင့်ခန့်မှန်းထားတာထက်ပိုမိုကောင်း မွန်နေတဲ့အတွက် မတ် ၈ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ ရေတိုကဏ္ဍငွေဖြည့် ဆည်းမှုအတွက် ကုန်ကျစရိတ်သက် သာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတွင်းကို မတည်ငွေတွေစီးဝင်မဲ့ သဘောတွေ့ရ ပါတယ်။ ယွမ်ငွေကြေးက အပြည့်အ၀ ဖလှယ်နိုင်တဲ့ ငွေကြေးမဟုတ်ပါဘူး။ ထုံးစံအားဖြင့် တရုတ်ဗဟိုဘဏ်က သင့် တင့်မယ်လို့ထင်တဲ့ လဲလှယ်နှုန်းအဆင့် နဲ့ ထိန်းထားလေ့ ရှိပြီး နိုင်ငံခြားငွေ စီး ဝင်လာတာတွေကို အမြောက်အမြား ဝယ် ယူကာ ဘဏ်လုပ်ငန်းစနစ် အတွင်း ငွေဖြစ်လွယ်မှု ကို တိုးမြှင့်ပေးပါတယ်။ မတ် ၈ ရက်က တရုတ်နိုင်ငံခြား ငွေရောင်းဝယ်ရေးဌာနမှာ ယွမ်ငွေတန် ဖိုးက သုည ဒသမ ၆၆ ရာခိုင်နှုန်းမြင့် တက်ပြီးတစ်ဒေါ်လာကို ၆ ဒသမ ၂၇၁၉ ယွမ်နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး ပြည်တွင်းရှယ်ယာတွေ တန်ဖိုး မြင့်တက်နေချိန်မှာ မနက်ပိုင်းဈေးကွက် ကနိုင်ငံခြားငွေစီးဝင်မှုတွေမြင့်မားလာ တဲ့အတွက် ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးတန်ဖိုး က သုည ဒသမ ၁၀ ရူပီးနှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၅၄ ဒသမ ၄၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြား ဈေးကွက်မှာ အမေရိ ကန်ငွေကြေးနဲ့ ဖလှယ်ရာမှာယူရိုတန်ဖိုးမြင့်တက်မှုက ရူပီးတန်ဖိုးကိုအထောက်အကူဖြစ်စေ ခဲ့ ကြောင်းနိုင်ငံခြားေ ငွဝယ်ရောင်းသမား တွေကပြောပါတယ်။ မတ် ၇ ရက်နေ့က ရူပီးတန်ဖိုးက တစ်ဒေါ်လာကို ၅၄ ဒသမ  ၅၆ ရူပီးနှုန်းရှိပြီး ရက်သတ္တပတ် အတွင်း သုည ဒသမ ၁၆ ရူပီးနှုန်းမြင့် တက်ခဲ့ပါတယ်။
ဂျပန်ယန်း ဥရောပဗဟိုဘဏ် (အီးစီဘီ) က အတိုးနှုန်းတွေကိုလျှော့ချမှာမဟုတ် ကြောင်းပြောကြားခဲ့ပြီးနောက် ယူရို ငွေကြေးတန်ဖိုး မတ် ၇ ရက်မှာ တခြား အဓိကငွေကြေးတွေနဲ့ဖလှယ်ရာမှာ တန်ဖိုးမြင့်တက်လာပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက မတ် ၆ ရက်ကတစ်ယူရိုကို ၁ ဒသမ ၂၉၇၁ ဒေါ်လာနှုန်းရှိခဲ့ရာမှ မတ် ၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၁၀၇ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ ယူရိုတန်ဖိုးက ဂျပန် ယန်းနဲ့ဖလှယ်ရာမှာလည်း မတ် ၆ ရက်ကတစ်ယူရိုကို ၁၂၂ ဒသမ ၀ ယန်းမှ ၁၂၄ ဒသမ ၂၈ ယန်းထိမြင့် တက်ခဲ့ပါတယ်။ ဒေါ်လာ/ယန်းဖလှယ်ရာမှာ မတ် ၆ ရက်ညနေပိုင်းကတစ်ဒေါ်လာ ကို ၉၄ ဒသမ ၀၄ ယန်းနှုန်းရှိခဲ့ရာမှ မတ် ၇ ရက်မှာတစ်ဒေါ်လာကို ၉၄ ဒသမ ၈၃ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ပြည်တွင်းဈေးကွက်မှာ ကျဆင်း နေတဲ့ရင်းဂစ်ငွေကြေးတန်ဖိုးက မတ် ၇ ရက်မှာ ပြန်လည်ဦးမော့လာတဲ့ အတွက် မတ်လ ၈ ရက်နေ့ မနက် ပိုင်းဈေးကွက် မှာ အမေရိကန်ဒေါ်လာ နဲ့ဖလှယ်ရာ မှာ ဒေါ်လာတန်ဖိုးမြင့် တက်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက မတ် ၇ ရက်မှာတစ် ဒေါ်လာကို ၃ ဒသမ ၁၀၇၀ ရင်းဂစ်နှုန်း ရှိရာမှ မတ် ၈ ရက် မှတစ်ဒေါ်လာကို ၃ ဒသမ ၁၀၅၀ ရင်းဂစ်နှုန်းနဲ့ ဈေးဖွင့် ခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ တခြား ငွေကြေးတွေအနက် စင် ကာပူဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုး ကျဆင်းခဲ့ပေမဲ့ ယန်းငွေနဲ့ဖလှယ် ရာမှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကျူးကျော်သူတွေကို နျူကလီး ယားလက်နက်နဲ့လက်ဦးမှုရအောင် တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်မှုကြောင့် ပထဝီဝင် နိုင်ငံ ရေးအန္တရာယ်တွေ တိုးမြင့်လာပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်နဲ့ ကိုရီးယားဘွန်းစာချုပ်တွေ တန်ဖိုး ကျ ဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ အချက်အလက်ကိန်းဂဏန်းတွေအရ ဆိုးလ်မြို့မှာ မနက် ၁၀ နာရီ ၂၆ မိနစ် က ဝမ်တန်ဖိုးက သုည ဒသမ ၂ ရာ ခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၀၈၉ ဒသမ ၆ ဝမ်နှုန်း ရှိခဲ့ပါတယ်။ လအလိုက် ကျဆင်းနှုန်းမှာ သုည ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ငွေလဲလှယ်နှုန်း ကောင်းမွန်တဲ့ အခြေအနေရှိတာကို အခွင့်ကောင်း ယူပြီးသွင်းကုန်သမားတွေကဒေါ်လာ ကိုဝယ်ယူလာတဲ့အတွက် ထိုင်းဘတ် ငွေတန်ဖိုးက ရက်သတ္တပတ်ငါးပတ် အတွင်းအနိမ့်ဆုံးကိုထိုးကျခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက မတ် ၆ ရက်မှာ တစ်ဒေါ်လာကို ၂၉ ဒသမ ၆၈ ဘတ် နှုန်းနဲ့ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။ ဘလွမ်းဘတ် ကပြုစုထားတဲ့စာရင်းတွေအရ ဘန် ကောက်မြို့မှာ မတ် ၈ ရက်မနက် ၈ နာရီ ၃၃ မိနစ်မှာ ဘတ်ငွေတန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၂၉ ဒသမ ၇၉ ဘတ် နှုန်းထိ ရောက်ရှိခဲ့ပါတယ်။