Main menu

Background

တောင်ကိုရီးယား ဗဟိုဘဏ်က ဖေဖော်ဝါရီတွင် ရွှေပိုမိုဝယ်ယူ

Tue, 03/12/2013 - 04:11 -- ydnar

နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကို အမျိုး မျိုးဖြန့်ကျက်ထားနိုင်ဖို့ အစီအစဉ်တစ် ရပ်အဖြစ် ဖေဖော်ဝါရီတွင် သုံးလအတွင်း ရွှေဝယ်ယူစုဆောင်းမှုကိုတိုးမြှင့်ဆောင် ရွက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်က မတ် ၆ ရက်ကကြေညာ ပါတယ်။ ရွှေကိုတန် ၂၀ ဝယ်ယူခဲ့တဲ့ အတွက် ဖေဖော်ဝါရီ လအကုန် မှာ တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့လက်ဝယ် ရှိ ရွှေပမာဏမှာ ၁၀၄ ဒသမ ၄ တန်ထိ ရှိလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၄ ဒသမ ၇၉ ဘီလီယံထိရှိလာကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ တောင်ကို ရီးယားဗဟိုဘဏ်ကရွှေဝယ်ယူစုဆောင်း မှုကို ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ၂၀၁၁ ခုနှစ် ဇူလိုင်လကပြုလုပ် ခဲ့ရာ ထိုနောက်ပိုင်း ယခုအကြိမ်က ငါးကြိမ်မြောက်ဝယ် ယူခဲ့တာဖြစ်ပါ တယ်။ ဗဟိုဘဏ်က ၂၀၁၁ ခုနှစ် နိုဝင်ဘာနဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်နဲ့နိုဝင် ဘာလမှာလည်း ဝယ်ယူခဲ့ပါတယ်။

"ရွှေဝယ်ယူစုဆောင်းရတဲ့ရည် ရွယ် ချက်ကနိုင်ငံခြားငွေရေရှည်မှာဖွဲ့စည်းမှု ကိုအမျိုးမျိုးဖြန့်ကျက်ထားဖို့ရည်ရွယ် ထားတာဖြစ်တဲ့အတွက် ရေတိုမှာရွှေ ဈေးနှုန်းမတည်မငြိမ်ဖြစ်တာကို မစဉ်း စားခဲ့ပါဘူး" လို့ ဗဟိုဘဏ်ရင်းနှီးမြှုပ်နှံ မှုမဟာဗျူဟာ အဖွဲ့ဦးစီးမှူးလီဂျန်းက ပြောပါတယ်။ သူရဲ့ဝေဖန်ပြောကြား မှု ကဈေးကွက်ကိုဂယက်ရိုက်မှာစိုးတဲ့အတွက် ဝယ်ယူတဲ့ဈေးနှုန်းနဲ့ အနာဂတ်ဝယ် ယူ ရေးအစီအစဉ်ကိုမူ သူကတစ်စုံတစ်ရာ ပြောကြားခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာ့စီးပွား ရေးကျဆင်းမှုနဲ့လှည့်လည်ငွေကြေးတိုး ပွားအောင်ေ ဆာင်ရွက်မှုတွေကရွှေက ဘေးကင်း လုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း အဖြစ် ဆွဲဆောင်မှုရှိလာတဲ့ အတွက် တောင်ကိုရီးယားဘဏ်က ရွှေကိုဝယ်ယူ စုဆောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၈၀၀ နဲ့အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အောက်တိုဘာနဲ့ ဖေဖော် ဝါရီလကုန်အကြားမှာ ၁၂ ရာခိုင်နှုန်းနီး ပါး ကျဆင်းခဲ့တဲ့ အလားအလာကို ကြည့်ရင် ဈေးနှုန်း အတက်အကျ အခြေ အနေက  ရင်းနှီးမြှုပ်နှံမှု အတွက် အန္တရာယ်လိုဖြစ်နေပါတယ်။ တောင် ကိုရီးယား ဗဟိုဘဏ်က ၂၀၁၂ ခုနှစ် နှစ်ကုန်ကရွှေဝယ်ယူ စုဆောင်းမှုမှာ နံပါတ် ၃၆ နေရာရှိခဲ့ရာမှ ယခုတစ်ကြိမ် ထပ်မံဝယ်ယူစုဆောင်းမှုကြောင့် နံပါတ် ၃၄ နေရာကို ရောက်ရှိလာမယ်လို့ တောင်ကိုရီးယားဗဟိုဘဏ် ကခန့်မှန်း ထားပါတယ်။ အမေရိကန် ဒေါ်လာ လွှမ်းမိုးတဲ့ အက်ဆက်တွေရဲ့ အလေးချိန် ကိုလျှော့ချပြီး နိုင်ငံရဲ့ အရန်ငွေကြေး ကိုအမျိုး မျိုး ဖြန့်ကျက်ထားနိုင်ဖို့ တောင် ကိုရီးယား ဗဟိုဘဏ်က ကြိုးပမ်း ဆောင် ရွက်ခဲ့ပါ တယ်။ နိုင်ငံခြားအရန်ငွေမှာ ရွှေရဲ့ပါဝင်မှုအချိုးကဇန်နဝါရီက၁ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဖေဖော်ဝါရီလကုန် မှာ၁ ဒသမ ၅ ရာခိုင်နှုန်း ထိရောက် ရှိ ခဲ့ပါတယ်။ နိုင်ငံခြား အရန်ငွေထဲမှာ အာမခံစာချုပ်စာ တမ်းတွေ၊ ပြည်ပနိုင်ငံ တွေရဲ့ ငွေကြေးတွေနဲ့ အပ်နှံငွေတွေ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ အထူးထုတ်ယူ ခွင့်လက်မှတ်နဲ့ ရွှေတို့ပါဝင်ပါတယ်။