Main menu

Background

ဂျပန်ဗဟိုဘဏ်အကြီးအကဲအဖြစ် ရွေးချယ်ခံထားရသူက ငွေကျုံ့မှုကို နှိမ်နင်းဖို့ ကတိပြု

Tue, 03/12/2013 - 04:08 -- ydnar

ဂျပန်နိုင်ငံဖွံ့ဖြိုးမှုကို နှစ်ချီဒုက္ခပေးခဲ့တဲ့ ငွေကျုံ့မှုကို တိုက်ဖျက်ဖို့ "ဖြစ် နိုင်သမျှ"အားလုံး ကိုဆောင်ရွက်မှာဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ် BOJ ကိုဦး ဆောင်ဖို့ အစိုးရကရွေးချယ်ထားသူက မတ် ၄ ရက်က ကတိပြုလိုက်ပြီး ပြဿ နာများကိုဖြေရှင်းဖို့အတွက် ပျက်ကွက်ခဲ့တဲ့ ယခင်က BOJ ရဲ့ စီမံခန့်ခွဲ မှုကို ပြစ် တင်ပြောကြားခဲ့ပါတယ်။ ဟာရုဟီကိုကူရိုဒါ က အတွေ့အကြုံရှိတဲ့ ဘဏ္ဍာရေးသမားတစ်ဦးဖြစ်ပြီး အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့အကြီးအကဲအဖြစ်က နုတ်ထွက်ထားသူဖြစ်ပါတယ်။ လာမဲ့ရက်သတ္တပတ်တွေအတွင်းမှာ သူ့ကို ဂျပန် နိုင်ငံရဲ့ဗဟိုဘဏ်ထိပ်တန်းအရာရှိတစ်ဦးအဖြစ် ဂျပန်လွှတ်တော်က ခန့်အပ် တာဝန်ပေးလိမ့်မယ်လို့ အများစုက ခန့်မှန်းထားပါတယ်။ အသက် ၆၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကူရိုဒါ က ကမ္ဘာမှာ တတိယအကြီးဆုံးဖြစ်တဲ့ ဂျပန်စီးပွား ရေးကိုမြှင့်တင်ရာမှာ ဂျပန်ဗဟိုဘဏ်က ထိထိရောက်ရောက်မလုပ်ဘူးလို့ တ စိုက်မတ် မတ် ဝေဖန်လာ သူဖြစ်ပြီး သူက ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ ငွေကြေးမူဝါဒ တွေလျှော့ချဖို့အတွက် ထပ်မံတွန်းအား ပေးဆောင်ရွက် မယ်လို့မျှော်လင့်ထား ကြောင်း င်္ဗဏ သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။

"ငွေကျုံ့နေတဲ့ အခြေအနေက လွတ်မြောက်ဖို့ ဖြစ်သမျှအားလုံးကို ဆောင်ရွက်မှာဖြစ်ကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်"လို့ ကူရိုဒါကပါလီမန်ကော်မတီကို ပြောကြောင်း ဂျီဂျီသတင်းဌာန က ပြောပါတယ်။ ဂျပန်နိုင်ငံက ၁၉၉၀ ပြည့်လွန်နှစ် တွေမျာ ငွေကျုံ့မှုဒဏ်ကိုခံခဲ့ရပါ တယ်။ ဈေးတွေဆက် ကျဦးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့စားသုံးသူတွေရဲ့အဝယ် မလိုက်ဘဲ ဖြစ်နေပြီးကော်ပိုရေးရှင်းတွေ အမြတ်ငွေ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ကော်ပို ရေးရှင်းတွေ အလုပ်အကိုင်တွေ လျှော့ချပြီး စီးပွားဖွံ့ဖြိုးမှုကို အားပေးတဲ့ ရင်းနှီး မြှုပ်နှံမှုကို လျှော့ချခဲ့ပါတယ်။ ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့အစိုးရက သုံးစွဲမှုကို မြှင့်တင်ပြီး ငွေကြေး မူဝါဒ လျှော့ချမှုတွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။