တိုကျို ယန်းတန်ဖိုးနိမ့်ကျမှုနဲ့ စွမ်းအင် တင်သွင်းမှုမြင့်မားလာတဲ့အတွက်ကုန် သွယ်မှုမှာ ဆုံးရှုံးမှုတွေ များလာတဲ့ အတွက် ဇန်နဝါရီမှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ရှင်းတမ်းမှာ တတိယမြောက်လအဖြစ် လိုငွေပြခဲ့ ကြောင်း မတ် ၈ ရက်က အစိုးရရဲ့ ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံခြား ကုန်သွယ်မှု ရှင်းတမ်းလိုငွေ ယန်း ၃၆၄ဒသမ ၈ ဘီလီယံ(ဒေါ်လာ၃ဒသမ၈ဘီလီယံ) ရှိခဲ့ရာယခင်နှစ်အောက် ၁၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြော ပါ တယ်။
ပေကျင်း အမေရိကန် ပြည်ထောင်စုနဲ့ ထွန်းသစ်စ ဈေးကွက်တွေရဲ့ ဝယ် လိုအားမြင့်လာတဲ့အတွက် တရုတ် နိုင်ငံခြား ကုန်သွယ်မှုနာလန်ထူလာ တဲ့ လက္ခဏတွေ ပြသခဲ့ကြောင်း ပို့ ကုန်က နှစ်အလိုက် ၂၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ဖေဖော်ဝါရီ မှာ ဒေါ်လာ ၁၃၉ ဒသမ ၃၇ ဘီလီ ယံကိုရောက်ခဲ့ပါတယ်။ သွင်းကုန်က ၁၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၁၂၄ ဒသမ ၁၂ ဘီလီယံ ဖိုးရှိခဲ့ကြောင်း တရုတ်အထွေထွေအ ကောက်ခွန်ဌာနက မတ် ၈ ရက်က ပြောပါတယ်။
ရောမ တခြား အဓိက စားသုံးသီးနှံ တွေရဲ့ တန်ဖိုး ကျဆင်းတာကို ဆန် ဈေးမြင့်တက်တာနဲ့ ထေမိသွားတဲ့ အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်း တွေက ဇန်နဝါရီနဲ့ နှိုင်းယှဉ်ကြည့်ရင် ဖေဖော်ဝါရီမှာ အများအားဖြင့် အပြောင်းအလဲ မတွေ့ရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါ တယ်။ စုစုပေါင်း အညွှန်းကိန်းက ဖေဖော်ဝါရီမှ ၂၁၀ မှတ်သာရှိပြီး ဇန်နဝါရီက အတိုင်းဖြစ်ပါတယ်။
ဆိုးလ် တောင်ကိုရီးယားရဲ့ ဆေးလိပ် သောက်နှုန်းကယခင်နှစ်များအတွင်းက မှန်မှန်ကျဆင်းလာပါတယ်။ ဒီလိုကျ ဆင်းတာကအစိုးရကဈေးနှုန်းမြှင့်တင် ပေးလိုက်တာကြောင့်ဆေးလိပ်သောက် နှုန်းကို ထူးထူးခြားခြား ကျဆင်းစေခဲ့ ကြောင်း အစိုးရရဲ့ ဈေးကွက်သတင်း ရပ်ကွက်တွေက မတ် ၈ ရက်ကပြော ပါတယ်။ ယခင်နှစ်က လူနှစ်ဦး အထက်ရှိတဲ့ အိမ်ထောင်စုတစ်ခုရဲ့ ဆေးလိပ်အတွက်သုံးတာက တစ်လ ပျမ်းမျှ ၁၈၃၅၁၀ ဝမ် (၁၆ ဒသမ ၉၁ ဒေါ်လာ) နှုန်းရှိခဲ့တဲ့ အတွက် သာမန် အလယ်အလတ်တန်းစား အိမ်ထောင်စုတစ်စုဝင်ငွေရဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။