Main menu

Background

နိုင်ငံခြားသားလုပ်သား မြင့်မားလာတာကို စင်ကာပူက တင်းတင်းကျပ်ကျပ်ထိန်း

Tue, 03/12/2013 - 04:15 -- ydnar

ပြည်တွင်းလုပ်သားတွေကို ဦးစားမပေးဘဲထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ က ၂၀၁၂ ခုနှစ်က စင်ကာပူမှာလက်ခံရရှိတဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ တိုင်တန်းမှုရဲ့ ထက်ဝက်ခန့်ရှိခဲ့ပါတယ်။ အဆင့်မြင့်လစာစား အလုပ်အကိုင်တွေ ကို ဖြည့်ဆည်းခန့်ထားရာမှာ လုပ်ငန်းတွေကို စင်ကာပူနိုင်ငံက ခပ်တင်းတင်း "ကျပ်"တော့မဲ့လက္ခ ဏာကို ပြသနေပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း နိုင်ငံ ခြားသားတွေ အဆမတန်မြင့်တက် လာတာကို စင်ကာပူနိုင်ငံသားတွေအဖို့ နှလုံးစိတ်ဝမ်းမချမ်းမသာဖြစ်ရတဲ့ အခြေအနေမျိုးတွေ မြင့်မားနေချိန်မှာ တရား မျှတတဲ့ အလုပ်အကိုင်ခန့်ထားမှု ဖော်ဆောင်ရေးသုံးပွင့်ဆိုင်အဖွဲ့ (TAFEP) က ယခုစာရင်းဇယားတွေကို ရိုက်တာ သတင်းဌာနကို ပေးခဲ့ပါတယ်။

(TAFEP) က လူအင်အားဝန်ကြီးဌာနကကျောထောက်နောက်ခံပေးထား တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီဌာနက စင်ကာပူနိုင်ငံမှာ လုပ်ငန်းနဲ့ ပတ် သက်တဲ့တရားမျှတမှုတွေရှိလာအောင်ဆောင်ရွက်ဖို့တာဝန်ရှိပါတယ်။ စင်ကာပူ နိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေး၊ စီပွားရေးလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့ နိုင်ငံဖြစ်လို့ လစာကောင်းကောင်းရတဲ့ နိုင်ငံ ခြားသားတွေ ကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ က လစာနိမ့်၊ ကျွမ်းကျင်မှုနိမ့်ကျတဲ့ နိုင်ငံခြားသားအလုပ်သားတွေအတွက် ကုမ္ပဏီအပေါ်မှာ အခွန်အခတွေတိုးမြှင့်၊ ခွဲတမ်းတွေတင်းတင်းကျပ်ကျပ် သတ်မှတ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူအင်အားဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ဆွေးနွေးတဲ့အခါ လစာမြင့် အလုပ်တွေကို စင်ကာပူနိုင်ငံသားတွေအတွက် အထောက်အကူဖြစ်စေမဲ့ အစီ အစဉ်အသေးစိတ်ကို လူအင်အားဝန်ကြီးဌာန ယာယီဝန်ကြီးတန်ချွန်ဂျင် က ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ နိုင်ငံခြားလုပ်သားတွေကို တင်းတင်း ကျပ်ကျပ် စိစစ်မယ်ဆိုရင် အများအားဖြင့် စင်ကာပူဒေါ်လာ တစ်လ ၃၀၀၀ (ရင်းဂစ် ၇၄၇၀) ရသူတွေဖြစ်တဲ့အတွက် စီတီဂရုလိုဘဏ် တွေ အထိနာ နိုင်ပါတယ်။ စင်ကာပူမှာ ရှိတဲ့ စီတီဂရုရဲ့ဝန်ထမ်းဦးရေက ၁၀၀၀၀ ဝန်းကျင် မှာရှိပါတယ်။