Main menu

Background

အိုဘားမားက ဘတ်ဂျက် အကြီးအကဲသစ်ကို ရွေးချယ်

Tue, 03/12/2013 - 04:14 -- ydnar

ရီပတ်ဘလီကင်အမတ်များနဲ့  အကြီးအကျယ်အငြင်းပွားနေချိန်မှာ အမေရိကန်သမ္မတဘားရက်အိုဘားမား ကသူရဲ့ဘတ်ဂျက်အကြီးအကဲသစ် အဖြစ်ဝေါလ်မတ်ဖေါင်ဒေးရှင်းအကြီး အကဲဆယ်လ်ဗီယာမက်သရူးဘာဝဲကို မတ် ၄ ရက်ကအမည်စာရင်းတင်သွင်း ဖို့ဆုံးဖြတ်ထားကြောင်း AFP သတင်း တစ်ရပ်မှာဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဘတ် ဂျက်လိုငွေနဲ့ကြွေးမြီပြဿနာဖြေရှင်း ဖို့အတွက် ရီပတ်ပလီကင်တွေနဲ့သ ဘောတူညီမှုရရှိဖို့ ပျက်ပြားခဲ့ပြီးနောက် ယခုနှစ်အတွက်ဘတ်ဂျက်သုံးစွဲမှုကို ဒေါ်လာ ၈၅ ဘီလီယံလျှော့ချဖို့ဆုံး ဖြတ်ချက်ကို အိုဘားမားလက်မှတ်ရေး ထိုးခဲ့ပြီးနောက် ဒီကြေညာချက် ထွက် ပေါ်ခဲ့တာဖြစ် ပါတယ်။ အိုဘားမားက ဘာဝဲအားစီမံခန့် ခွဲမှုနဲ့ဘတ်ဂျက်ရုံး (OMB)  ကိုခေါင်း ဆောင်အဖြစ်ရွေးချယ်တာကို မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ် (ဂရင်းနစ်စံတော် ချိန် ၁၅ နာရီ ၁၅ မိနစ်) မှာကြေညာ မှာဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိ တွေ ကပြောပါတယ်။ ဘာဝဲက ဘီလ်ကလင်တန်လက် ထက် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အ တွင်း OMB ရဲ့ ဒုတိယညွှန်ကြားရေးမှူး ရာထူးကိုထမ်းဆောင်ဖူးသူဖြစ်ပြီးဘတ် ဂျက်ရေးဆွဲရေးလုပ်ငန်းနဲ့ ပြည်တွင်း မူဝါဒတွေကိုကျွမ်းကျင်သူဖြစ်ပါတယ်။ ဘာဝဲက ကလင်တန်လက်ထက်မှာ သမ္မတရဲ့ဝန်ထမ်းအဖွဲ့ ဒုတိယအကြီး အကဲနဲ့ဘဏ္ဍာရေးဝန်ကြီးရဲ့ဝန်ထမ်း အဖွဲ့အကြီးအကဲအဖြစ်တာဝန်ယူဖူးသူ ဖြစ်ပါတယ်။ သူမကပြည်ထောင်စုအုပ် ချုပ်ရေးမှူးရေးဌာနမှာ ပထမဆုံးတာ ဝန်ယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝေါလ်မတ်ဖေါင်ဒေးရှင်းကိုပြောင်းရွှေ့ ခဲ့တာဖြစ်ပါတယ်။